အပိုင်း(၃၀)

372 35 1
                                    

သိပ်မကြာလိုက်ဘူး သူတို့အိမ်ကိုရောက်သွားတယ်။မော့လင်ရှီးကဘဲစကားစပြောလိုက်တယ်။ဒေါက်တာကျန်းကစိတ်မပူဖို့ပြောထားတယ်ဆိုတော့သူမလဲအများကြီးတွေးမနေတော့ဘူး။အစိုးရိမ်လွန်ရင်ကိုယ်ဘဲခေါင်းကိုက်ရမှာ။

'ရှင်ဘာလို့တိတ်နေတာလဲ?' သူမမေးလိုက်တယ်။သူမတိတ်နေတယ်ဆိုတာကနားလည်ပေးလို့ရတယ်ဆ်ိုပေမယ့်သူကရောဘာလို့တိတ်နေရတာလဲ?

ကျိနမ်ဖုန်လဲသတိပြန်ဝင်လာပြီးသူမကိုစိုက်ကြည့်လိုက်တယ်။သူ့အကြည့်တွေကစူးရှတယ်ဆိုပေမယ့် ပြောမပြနိုင်တဲ့နူးညံ့မှုလေးတွေလဲပါနေတယ်: 'ရုတ်တရက်မင်းတစ်ခုခုကိုသတိရလာရင်ကိုယ့်ကိုပြောပြရမယ်နော်။မြိုသိပ်မထားရဘူးနော်'

သူမမသိသေးဘူးဆိုတော့သူ့ဘက်ကအရင်ထုတ်မပြောဖို့ကိုဘဲရွေးချယ်လိုက်တယ်။အရင်ဘဝတုန်းကသူမဘာလို့အဲ့လိုအဆုံးသတ်သွားရလဲဆိုတာကိုရှင်းပြဖို့ခိုင်လုံတဲ့အကြောင်းပြချက်လဲမရှိဘူးလေ။ပြီးတော့ရှင်းပြစရာလဲမလိုဘူးလေ အဲ့လိုဖြစ်ခဲ့ရခြင်းရဲ့တစ်ခုတည်းသောအကြောင်းပြချက်ကသူမျက်စိကန်းနေခဲ့လို့ဘဲ။

သူဘာလို့ဒီလိုပြောရတာလဲဆိုတဲ့အကြောင်းရင်းကိုမော့လင်ရှီးပြန်မမေးဘဲ သူ့ကိုအပြစ်ကင်းတဲ့ပုံစံလေးနဲ့ပြုံးပြလိုက်ပြီး ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ခေါင်းညိတ်ပြလိုက်တော့ ကျိနမ်ဖုန်လဲစိတ်ညစ်နေတာတွေတောင်ပျောက်သွားရတယ်။

'မင်းဘာလို့ဒီလောက်တောင်ချစ်စရာကောင်းရတာလဲ?ကိုယ်ဘာလို့ဒီလိုပြောရတာလဲဆိုတဲ့အကြောင်းရင်းကိုမင်းမေးသင့်တာမဟုတ်ဘူးလား?ဒါပေမယ့်မင်းမေးရင်လဲကိုယ်ကတော့မဖြေပါဘူး' ကျိနမ်ဖုန်စလိုက်တယ်။

'ဘာလို့မမေးတာလဲဆိုတော့ရှင်ကကျွန်မကိုအန္တရာယ်မပေးဘူးဆိုတာကိုသိလို့.....အဲ့ဒါကြောင့်မေးစရာမလိုဘူးလေ'

ကျိနမ်ဖုန်လဲအံ့အားသင့်သွားတယ်။ဟုတ်ပါတယ် သူ့ရှီးအာကအမြဲဒီလိုဘဲ။အရင်ဘဝနဲ့အခုဘဝမှာသူမရဲ့အကျင့်စရိုက်တွေကမတူတော့ပေမယ့် ကြင်နာတတ်တာနဲ့သူ့ကိုအကြွင်းမဲ့ယုံကြည်ပေးတာကတော့ပြောင်းလဲမသွားဘူး။သူအရင်ဘဝတုန်းကအမှားတွေအများကြီးလုပ်ခဲ့တာတောင်ဘာလို့နောက်တစ်ကြိမ်အခွင့်အရေးပြန်ရမှန်းစဉ်းစားမရဘူး။သူမနဲ့အတူတူပြန်နေခွင့်ရတဲ့အတွက်အရမ်းကိုပျော်ရွှင်မိတယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ