အပိုင်း(၉)

1.4K 137 2
                                    

'မန်မန် ဒီအကြောင်းတွေကိုမနေ့ညတုန်းကဘာလို့ငါ့ကိုမပြောပြခဲ့တာလဲ?' မော့လင်ရှီးမေးလိုက်တယ်။သူမသာသိခဲ့ရင်ကူညီပေးခဲ့မှာ။ကျိနမ်ဖုန်မကူညီပေးရင်တောင် သူမအဖိုးဆီမှာအကူအညီသွားတောင်းရင်အဖိုးကသေချာပေါက်ကူညီပေးမှာ။

'မနေ့တုန်းက မနေ့တုန်းက......ငါ့စိတ်အခြေအနေကပုံမှန်မဟုတ်ဘူးလေ။အရက်သောက်ပြီးသွားတော့လဲမူးနေတာနဲ့ပြောမယ့်အချိန်မရှိခဲ့ဘူး'  ရွှီချင်းမန်ရှက်ရှက်နဲ့ပြန်ဖြေလိုက်တယ်။

'ရွှီချင်းမန် မင်းကဒီလိုပုံစံလဲလုပ်တတ်လိမ့်မယ်လို့မထင်ထားဘူး။ချစ်စရာကောင်းပြီးနူးညံ့သိမ်မွေ့တဲ့ပုံစံလုပ်နေတာ မင်းကမိန်းမရိုင်းမဟုတ်ဘူးလား?မနေ့ညကအကြောင်းကိုစဉ်းစား.....' ကန့်ယွင်ထင်ပြောနေတဲ့စကားကိုလမ်းတစ်ဝက်မှာတင်အမြန်ပြန်ရပ်လိုက်တယ်။ကြည့်ရတာမနေ့ညတုန်းကမပြောနိုင်တဲ့အကြောင်းအရာတစ်ခုခုဖြစ်ခဲ့တယ်ထင်တယ်။

ရွှီချင်းမန်မျက်လုံးပြူးသွားတယ်။ဒါပေမယ့်လဲသူတစ်ဝက်မှာတင်ရပ်လိုက်လို့ကျေးဇူးတင်နေမိတယ်။

'ကျွန်မဘာသာမိန်းမရိုင်းလိုမျိုးပြုမူတာဘဲဖြစ်ဖြစ်နူးညံ့သိမ်မွေ့တဲ့မိန်းကလေးလိုပြုမူတာဘဲဖြစ်ဖြစ်အဲ့ဒါကတစ်ဖက်လူအပေါ်မှာမူတည်တယ်'

'ဟေး မင်းဒီလိုလေသံနဲ့ဒီသခင်လေးကိုပြောရဲတယ်ပေါ့လေ?မင်းကတကယ်ကိုလေးစားမှုမရှိဘူးဘဲ' ကန့်ယွင်ထင်ကားမောင်းနေရင်းရွှီချင်းမန်နဲ့ရန်ဖြစ်နေတော့ကားထဲကအခြေအနေကသိပ်ပြီးနေရခက်တဲ့အခြေအနေမဟုတ်တော့ဘူး။

သိပ်မကြာလိုက်ဘူး သူတို့သွားမယ့်နေရာကိုရောက်သွားတယ်။သက်သက်လွတ်ဆိုင်ရဲ့အပြင်အဆင်ကစိတ်ဝင်စားစရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့ရှေးဟောင်းပစ္စည်းတွေနဲ့အလှဆင်ထားတော့လူတွေကိုစားသောက်ချင်စိတ်ပိုဖြစ်စေတယ်။

ငါးယောက်သီးသန့်ခန်းကိုယူလိုက်ပြီးနာမည်ကြီးဟင်းပွဲအချို့ကိုမှာလိုက်တယ်။

သူတို့အခန်းထဲရောက်ပြီးမကြာဘူး မော့လင်ရှီးသန့်စင်ခန်းသွားဖို့ပြန်ထွက်လာခဲ့တယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now