အပိုင်း(၂၉)

502 49 4
                                    

သူတို့သုံးယောက်စကားခဏလောက်ရပ်ပြောပြီးတော့မှအဖွားအိုလဲပြန်သွားတယ်။ဖေးဖေးကိုဒရိုင်ဘာကချီသွားပေးတယ်။မော့လင်ရှီးလဲအဖွားအိုတို့ပြန်သွားတာကိုရပ်ကြည့်နေလိုက်တယ်။

ပြီးရင်သူမအလှည့်ရောက်ပြီ။ကျိနမ်ဖုန်လဲစောစောကအခန်းထဲကိုပြန်သွားလိုက်တယ်။

'သမီးဘာသောက်မလဲ?' ‌ကျန်းအိုက်ဖေးရေခဲ့သေတ္တာဆီကိုလျှောက်သွားရင်းနဲ့မေးလိုက်တယ်။

'ဘာဘဲဖြစ်ဖြစ်ရပါတယ်'

'ဒါဆိုဖေးဖေးလိုဘဲနွားနို့ဘဲပေးလိုက်တော့မယ်' သူမနွားနို့ခွက်ကိုကမ်းပေးလိုက်တယ်။

'သမီးဖေးဖေးကိုချစ်တယ်မဟုတ်လား?' သူမကမေးနေတာမျိုးမဟုတ်ဘဲအတည်ပြုချင်နေတာနဲ့ပိုတူနေတယ်။

'အန်တီဘာလို့ဒီလိုမေးရတာလဲ?'  တကယ်လဲသူမဖေးဖေးကိုချစ်ပေမယ့် ဒါကကုသမှခံယူတာနဲ့တော့ဘာမှမဆိုင်ဘူးထင်တယ်။

'ဘာရယ်တော့မဟုတ်ပါဘူး။အန်တီ့ကိုသူငယ်ချင်းလိုမျိုးဘဲသဘောထားပြီးသက်‌တောင့်သက်သာနေလို့ရပါတယ်။အန်တီလဲသမီးကိုမေးခွန်းလေးတွေမေးမယ်။သမီးလဲအန်တီ့ကိုမေးချင်တာရှိရင်မေးလို့ရတယ်'

'အိုး.....သမီးဖေးဖေးကိုချစ်ပါတယ်' မော့လင်ရှီးနွားနို့တစ်ငုံသောက်ရင်း‌ပြန်ဖြေလိုက်တယ်။

'ဖေးဖေးကသနားစရာကောင်းတဲ့ကလေးတစ်ယောက်ပါ။သူ့အကြောင်းကိုအန်တီမကုသခင်တုန်းကဖတ်ကြည့်ပြီးပြီ။သူ့မှာအဖွားအပြင်တခြားဆွေမျိုးတွေလဲမရှိတော့ဘူး။ဒါပေမယ့်သူ့အဖွားကလဲအဆုတ်ကင်ဆာဖြစ်နေတော့အချိန်ကသိပ်မကျန်တော့ဘူး။အဲ့ဒါကြောင့်ဖေးဖေးကိုမိသားစုကောင်းကောင်းကမွေးစားရအောင်ရောဂါကိုပျောက်အောင်ကုသွားပေးချင်နေတာ။မိဘမဲ့ဂေဟာမှာနေရင် ဖေးဖေးရဲ့အခြေအနေကပိုဆိုးသွားမှာလေ'

'အဆုတ်ကင်ဆာပေါ့လေ?မိဘမဲ့ဂေဟာပေါ့လေ?' မော့လင်ရှီးလဲအံ့ဩသွားတယ်။

'အင်း တကယ်ကိုသနားဖို့ကောင်းတာ။ဒါပေမယ့်ဒီအကြောင်းတွေကိုအန်တီသမီးကိုဘာလို့ပြောပြနေရတာလဲဆိုတာကိုမေးချင်နေတာမဟုတ်လား?'

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now