အပိုင်း(၄)

1.9K 168 4
                                    

ထမင်းစားပွဲမှာကျိနမ်ဖုန်ရယ်မော့လင်ရှီးရယ်ဝေ့ရှို့လန်ရယ်ကျိရှိပေါ်ရယ်လေးယောက်သားဝင်ထိုင်လိုက်ကြတယ်။

ကျိရှိပေါ်လဲထမင်းစားပွဲမှာထိုင်နေတဲ့လူတွေကိုကြည့်ပြီးဝမ်းနည်းလို့မျက်ရည်တွေတောင်လည်လာတယ်။အခုလိုလူစုံတက်စုံနဲ့အေးအေးချမ်းချမ်းထမင်းစားဖို့ဆိုတာသူတို့အတွက်တကယ်ကိုမလွယ်ကူလှဘူး။

ကျိနမ်ဖုန်လဲကျိရှိပေါ်နဲ့ခံစားချက်ချင်းတူတယ်။အရင်ဘဝတုန်းကသူမော့လင်ရှီးနဲ့လက်ထပ်ပြီးတော့ သူ့ကိုယ်သူမိသားစုတွေနဲ့စည်းခြားပြီးအဝေးမှာဘဲနေခဲ့တယ်။သူနဲ့မော့လင်ရှီးရဲ့အိမ်ထောင်ရေးကိုဒီမိသားစုကဘဲဖန်တီးခဲ့တာလို့သူတွေးခဲ့တယ်။အဲ့ဒါကြောင့်သူ သူ့မိသားစုကိုမုန်းပြီးရှောင်ခဲ့တယ်။အဲ့ဒါကြောင့်သူတို့ထမင်းအတူတူစားဖြစ်တာမရှိသလောက်ဘဲ။

တရုတ်နှစ်သစ်ကူးနဲ့တခြားပွဲတော်ရက်တွေရှိမှသာသူအိမ်ကိုပြန်ခဲ့တယ်။အဲ့လိုပြန်ရင်တောင်မကောင်းတဲ့အကြံတွေရှိနေတဲ့သွမ့်အန်းရန်ကိုပါခေါ်သွားခဲ့တာ။အဲ့ဒီအခါအိမ်မှာစကားထများကြပြီးမကောင်းသောလမ်းခွဲခြင်းနဲ့ဘဲအမြဲပြန်လာဖြစ်ခဲ့တယ်။သူလဲစိတ်ဆင်းရဲခဲ့အပြင်မော့လင်ရှီးနဲ့သူမိသားစုလဲစိတ်မချမ်းသာခဲ့ကြဘူး။

ဒီဘဝမှာတော့အဲ့လိုအဖြစ်မျိုးထပ်မဖြစ်စေရတော့ဘူးလို့သူကျိန်ဆိုတယ်။မော့လင်ရှီးသူ့ကိုဘယ်တော့မှစိတ်မပျက်စေရတော့ဘူး။သူ့မိသားစုတွေလဲသူ့ကိုမစိုးရိမ်စေရတော့ဘူး။

'မား အဖိုး ကျွန်တော်ရှီးအာကိုအလုပ်ပေးလုပ်တော့မလို့'

'အလုပ်ပေးလုပ်မယ်ပေါ့လေ?နောက်ဆုံးတော့မင်းခွင့်ပြုလိုက်ပြီပေါ့။အမ် မဟုတ်သေးပါဘူး။လင်ရှီးမှာအလုပ်မရှိတာမင်းဘယ်လ်ိုသိလဲ?' ကျိရှိပေါ်မေးခွန်းထုတ်လိုက်တယ်။

'အင်း သူလဲအိမ်မှာဘဲအမြဲနေနေရတော့ပျင်းနေမှာဘဲ။သူမင်္ဂလာဝတ်စုံဒီဇိုင်းတွေကိုဆွဲရတာကြိုက်တယ်မဟုတ်လား?သူ့ကိုအလုပ်ရအောင်ကူညီပေးမယ့်အဆက်အသွယ်ကျွန်တော့်မှာရှိတယ်' ကျိရှိပေါ်ရဲ့နောက်မေးခွန်းကိုသူမကြားချင်ယောင်ဆောင်ပြီးပြန်ဖြေလိုက်တယ်။အရင်ဘဝတုန်းကမော့လင်ရှီးဆုံးသွားပြီးတော့ သူ သူမရဲ့ဒိုင်ယာရီကိုဖတ်ပြီးသူမစိတ်ကျရောဂါဖြစ်နေတယ်ဆိုတာကိုသိသွားခဲ့တယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now