အပိုင်း(၂၆)

468 36 6
                                    

'ဒီနေ့မလာနိုင်တဲ့သူတွေအတွက်စိတ်မကောင်းဖြတ်မိတယ်။ဒီလိုအရသာရှိတဲ့ညစာကိုမစားလိုက်ရလို့' ချန်စစ်ဟောင်ပြောလိုက်တယ်။

'ကျွီကျင်းဟန်ကတော့သူ့မိသားစုတွေနဲ့ချိန်းထားပြီးသားဖြစ်နေလို့။လီနာက‌ကျတော့အိမ်ကချမ်းသာပြီးသားဆိုတော့စိတ်မကောင်းဖြစ်စရာမလိုဘူးထင်တယ်' ဆံပင်အနီရောင်နဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကဝင်ပြောလိုက်တယ်။သူမကလီနာကိုသဘောမကျပေမယ့် မကောင်းတဲ့ရည်ရွယ်ချက်နဲ့ပြောတာမဟုတ်ဘဲ ဒီအတိုင်းအခြေအနေကိုပြောပြနေတာ။

အားလုံးခေါင်းညိတ်ပြီးထောက်ခံလိုက်ကြတယ်။လီနာကသူတို့နဲ့ဆိုအပြင်လိုက်လေ့မရှိဘူး။သူမကတခြားသူတွေကိုတော့မထီမဲ့မြင်ပြုနေတာမျိုးတော့မဟုတ်ပေမယ့် သူမနဲ့ရင်းနှီးဖို့ကတော့မလွယ်ကူဘူး။သူမရဲ့အကြည့်တွေကအမြဲတမ်းအေးစက်နေတာမို့လို့ပတ်ဝန်းကျင်ကလူတွေကိုမသက်မသာဖြစ်စေတယ်။

မှာထားတာတွေရောက်လာတော့အားလုံးဖြေးဖြေးချင်းစားသောက်နေလိုက်ကြတယ်။လတစ်နဲ့နောက်ဆုံးအပတ်ကိုရောက်ရင်တနင်္ဂနွေနေ့မှာရုံးတက်ဖို့မလိုတော့ အားရပါးရစကားစမြည်ပြောနေလိုက်ကြတယ်။

အားလုံးစကားပြောလိုက်စားလိုက်နဲ့လုပ်နေကြတာအချိန်၂နာရီကုန်သွားတာကိုဘယ်သူမှသတိမထားမိလိုက်ဘူး။

မော့လင်ရှီးလဲဒီတစ်ခေါက်ညစာစားရတာကိုသဘောတွေ့နေမိတယ်။သူမကပုံမှန်ဆိုရင်ဒီလိုစုဝေးပွဲတွေပွဲတွေကနေရခက်လို့သဘောကျခဲ့တာမဟုတ်ဘူး။ဒါပေမယ့်ဒီတစ်ခေါက်ကတော့ လူတိုင်းကပေါ့ပေါ့ပါးပါးဘဲစကားပြောရင်းစားနေကြတော့ သူမလဲစိတ်လက်ပေါ့ပါးနေမိတယ်။

'လင်ရှီး အခုကစပြီးနောက်ဆိုညီမအကူအညီလိုရင်ဘဲဖြစ်ဖြစ်၊မလုပ်ချင်တဲ့အလုပ်ရှိရင်ဘဲဖြစ်ဖြစ်အကို့ကိုအားနာနေစရာမလိုဘူး ပြောသာပြောလိုက်။ဘယ်လိုကိစ္စဘဲဖြစ်ဖြစ်အကိုလုပ်ပေးမယ်' လီဖန်ခုံကိုမှီပြီး တင်းကားနေပြီဖြစ်တဲ့သူ့ဗိုက်ကိုပွတ်ကာပြောလိုက်တယ်။

သူ့စကားကိုကြားတော့မော့လင်ရှီးကြည်နူးသွားရတယ်။လီဖန်ကသူမတို့အဖွဲ့ကဘဲ။သူမကဒါရိုက်တာရာထူးတိုးသွားရင်တောင်မှဒီအဖွဲ့မှာဘဲဆက်နေရဦးမှာ။ရာထူးဘဲပြောင်းသွားတာ။ပြီးတော့လီဖန်ကသူမတို့အဖွဲ့ကတစ်ဦးတည်းသောယောက်ျားလေးဘဲ။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now