အပိုင်း(၂၀)

964 86 2
                                    

မော့လင်ရှီးအံ့အားသင့်သွားရတယ်။တစ်ချို့အရာတွေကိုသေသေချာချာနားလည်သဘောပေါက်ဖို့ဆိုရင်နှလုံးသားနဲ့ခံစားကြည့်ရမယ်ပေါ့လေ?အခြေအနေကိုဦးနှောက်ကနေသေချာခွဲခြမ်းစိတ်ဖြာပြီးမှလုပ်သင့်တာကိုလုပ်ရမယ်လို့သူအကြံပေးနေတယ်။ဒါပေမယ့်သူတို့တွေကသေနတ်ပစ်ကွင်းမှာအမှတ်မထင်လာဆုံကြတာမဟုတ်လား?

'အများကြီးလျှောက်မစဉ်းစားနေပါနဲ့။မင်းနှလုံးသားရဲ့ခံစားချက်အနောက်ကိုလိုက်ပြီးသူကမောင်းတင်တော့လို့ပြောရင်တင်လိုက်တော့။မတွန့်ဆုတ်နဲ့၊မင်းနှလုံးသားကိုမင်းသံသယမဝင်နဲ့။ဒါမင်းရဲ့နှလုံးသားရဲ့ရွေးချယ်မှုဘဲ'

ဒိုင်းဆိုတဲ့အသံနဲ့အတူနောက်ကျည်ဆံတစ်ထောင့်ထွက်သွားတယ်။ကုန့်ဇယ်ယွင်လဲဆက်မပြောတော့ဘူး။ဒါသူမကိုသူပြောချင်နေတဲ့စကားတွေလို့ခံစားနေရတယ်။

မော့လင်ရှီးလဲဝမ်းနည်းမှုတွေပျောက်ကွယ်သွားရအောင်တစ်ချက်ပြီးတစ်ချက်ဆက်ပစ်နေလိုက်တယ်။ကျည်ဆံတွေအားလုံးကုန်သွားတော့မှသူမစိတ်ပေါ့ပါးသွားသလိုမျိုးခံစားလိုက်ရတယ်။

'အား.....သေနတ်ပစ်ရ‌တာဒီလောက်ပင်ပန်းလိမ့်မယ်လို့ကျွန်မ မထင်ထားဘူး'
မော့လင်ရှီးရေရွတ်လိုက်ပြီးဘေးနားက‌ခုံပေါ်မှာထိုင်ချလိုက်တယ်။

'ကိုယ်စိတ်အ‌ခြေအနေမကောင်းတဲ့အချိန်တိုင်းချွေးတွေအများကြီးထွက်သွားရင်နေလို့ကောင်းသွားတယ်လို့ခံစားရတယ်။အဲ့ဒီတော့မင်းအခုဘယ်လိုနေသေးလဲ?နည်းနည်းစိတ်ပေါ့ပါးသွားတယ်မဟုတ်လား?' ကုန့်ဇယ်ယွင်သူမကိုရေဘူးကမ်းပေးရင်းမေးလိုက်တယ်။

'လူတွေကစိတ်ညစ်ရင်အရက်သောက်ကြတယ်လို့ဘဲကြားဖူးတာ။ချွေးထွက်သွားရင်စိတ်ညစ်တာတွေပျောက်သွားတယ်လို့ပြောတာကိုတော့ဒါပထမဆုံးအကြိမ်ကြားဖူးတာဘဲ။ဒါပေမယ့်ရှင်အခုတလောစိတ်ညစ်နေလို့လား?'

ကုန့်ဇယ်ယွင်သူမကိုကြည့်ပြီးပြုံးလိုက်ကာ: 'စောစောကပါ..ဒါပေမယ့်အခုမင်းနဲ့တွေ့လိုက်ရတော့နေလို့ကောင်းသွားပြီ'

'အိုး......' သူ့စကားကထူးဆန်းနေတယ်လို့ထင်ပေမယ့် ဘာကထူးဆန်းနေတာလဲဆိုတာကိုတော့သူမသေချာမပြောနိုင်ဘူး။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Unde poveștirile trăiesc. Descoperă acum