အပိုင်း(၂၅)

751 58 3
                                    

ကုန်ဇယ်ယွင်သူတို့ပြောနေတာကိုနားထောင်‌ရင်းနဲ့သောက်နေပြီး သူ့အကြည့်တွေကတခြားသူတွေမခန့်မှန်းနိုင်လောက်အောင်လေးနက်နေတယ်။

ညီအကိုလေးယောက်ကတစ်သွေးတည်းတစ်သားထဲဖြစ်ပြီး သူ့ကိစ္စရယ်ကိုယ့်ကိစ္စရယ်လို့မခွဲခြားထားဘူး။

'အကိုနှစ်ကိုကြည့်ရတာအတွေးလွန်နေသလိုဘဲ' ကန့်ယွင်ထင်ပြောလိုက်တယ်။

'ဘာရယ်တော့မဟုတ်ပါဘူး ထူးဆန်းနေသလိုခံစားနေရလို့။အခုတလောညီသုံးကပြောင်းလဲလာသလိုဘဲ'  ကုန့်ဇယ်ယွင်ပြန်ပြောလိုက်တယ်။

ကျိနမ်ဖုန်သူ့ကိုလှည့်ကြည့်လိုက်ပြီး: 'အကိုနှစ်လဲပြောင်းလဲသွားသလိုဘဲ'

ကုန့်ဇယ်ယွင်မျက်လုံးတွေကိုမှေးစင်းလိုက်ပြီးပြုံးကာဘာမှထပ်မပြောတော့ဘူး။ကျိနမ်ဖုန်ကလဲပြန်လည်မွေးဖွားလာတယ်ဆိုတာကိုသူမသိဘူး။ဒါပေမယ့်အရင်ဘဝကနဲ့မတူတော့တဲ့ကျိနမ်ဖုန်ကိုမြင်ရတာသူစိုးရိမ်ပူပန်နေမိတယ်။ဒါပေမယ့်သေချာတာတစ်ခုက သူ့ရှီးအာကတော့အရင်ဘဝကလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ရတော့မှာမဟုတ်ဘူး။သွမ့်အန်းရန်ကတော့ဇာတ်သိမ်းကောင်းမှာမဟုတ်ဘူး။အခုတောင်ကြွက်တွေလိုမျိုးလမ်းပေါ်မှာလိုက်ပုန်းနေရပြီ။

ဒါပေမယ့်အဲ့လိုဆိုတော့ရောဘာဖြစ်လဲ?တစ်ဘဝနေပြီးသွား‌တော့သူ ညီအကိုသံယောဇဉ်ကိုဖြတ်ပြီးရှီးအာကိုလုယူမလို့စီစဉ်ထားတာ။ဒါပေမယ့်သူမနဲ့စကားပြောကြည့်လိုက်တော့ သူမကိုလုယူဖို့ကသူထင်ထားသလောက်မလွယ်ကူလောက်ဘူးဆိုတာကိုသိသွားတယ်။

အရင်ဘဝတုန်းကသူ့ညီနှစ်ကရှီးအာကိုရည်ရွယ်ချက်ရှိလို့ဘဲဖြစ်စေမရှိဘဲနဲ့‌ဖြစ်စေနာကျင်အောင်လုပ်ခဲ့တာတောင်မှရှီးအားကသူ့ကိုထားသွားဖို့တစ်ခါမှမစဉ်းစားခဲ့ဘူး။အရက်ဘဝတုန်းကသူမကခေါင်းမာပြီးဆင်ခြင်တုံတရားမရှိဘဲအစွဲအလမ်းကြီးတဲ့သူဖြစ်ခဲ့ပေမယ့် အခုဘဝမှာတော့ သူမသတ္တိတွေရှိလာပြီဆိုတာကိုသူတွေ့တယ်။

နွေဦးဆိုရင်လမ်းတွေပေါ်မှာအပြည့်တွေ့ရတတ်တဲ့အမြဲလှနေတဲ့အနီရောင်စပိုက်ဒါလီလီပန်းတွေလိုမျိုးဘဲ။ဒါပေမယ့်ဖြတ်သွားဖြစ်လာလူတွေကတော့ သူ့အလှအပကိုမခံစားမိကြဘူး။သူမကိုအဲ့ဒီပန်းနဲ့တူတယ်လို့သူဘာလို့တင်စားရတာလဲသိလား?ဘာလို့လဲဆိုတော့သူကအဲ့ဒီလမ်းကိုဖြတ်လျှောက်ဖူးပြီး  အဲ့ဒီဘယ်သူကမှမမြင်တဲ့ပန်းကိုမြင်သွားလို့ဘဲ။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now