အပိုင်း(၂၁)

785 67 1
                                    

သူ့အရှေ့မှာဒူးထောက်နေတဲ့ကျိနမ်ဖုန်ကိုမော့ရှန်းရှင်လေ့လာကြည့်လိုက်ပြီး ရှုပ်ထွေး‌နေတဲ့ခံစားချက်တွေနဲ့သက်ပြင်းချလိုက်ကာ: 'မင်းအဖေရဲ့အိမ်နဲ့အလဲအထပ်လုပ်ဖို့ကိုငါသာအတင်းဖိအားမပေးခဲ့ရင် မင်းရှီးအားကိုလက်ထပ်ခဲ့မှာမဟုတ်ဘူး။မင်းလဲမမှားဘူး....ရှီးအာလဲမမှားဘူး။ငါဘဲမှားခဲ့တာ'

'ရှီးအာကကြင်နာတတ်ပြီးတာဝန်တ္တရားကိုသိတတ်တဲ့ကလေး။မင်းတို့နှစ်ယောက်လက်ထပ်ပြီးသွားတော့ဘာတွေဖြစ်ခဲ့လဲဆိုတာကိုငါမသိဘူး။သူကငါတို့ကိုလဲဘာမှပြန်ပြောပြခဲ့တာမဟုတ်ဘူး။ဒီနေ့တော့ငါမေးလဲမမေးတော့ဘူး။သိလဲမသိချင်တော့ဘူး။အနာဂတ်မှာမင်းတို့ဘာဆက်လုပ်ကြမလဲဆိုတာကိုမင်းတို့ဘာသာဘဲဆုံးဖြတ်ကြတော့။ငါကအသက်ကြီးနေပြီဆိုတော့အသုံးမဝင်တော့ဘူး။အခုခေတ်လူငယ်တွေကကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ရတာကိုကြိုက်တယ်လို့လူတွေကပြော‌ကြတယ်'

'ဘယ်လိုဘဲ‌ဖြစ်ဖြစ်နမ်ဖုန် မင်းငါ့စကားကိုတော့နှလုံးသားထဲမှာစွဲနေအောင်မှတ်ထားရမယ်။လူတစ်ယောက်ရဲ့နှလုံးသားကအေးစက်သွားရင်.....အဲ့ဒီတော့မှနောင်တရနေလို့လဲဘာမှမထူးတော့ဘူး'

မော့ရှန်းရှင်စကားကိုကြားတော့ကျိနမ်ဖုန်တုန်လှုပ်သွားပြီး: 'ကျွန်တော့်ကိုယုံပါအဖိုး။အရင်တုန်းကကျွန်တော်သေချာမစဉ်းစားနိုင်ခဲ့လို့ပါ။နောက်ဒီလိုမျိုးထပ်မဖြစ်စေရတော့ပါဘူး'

သူ့ဘေးမှာဒူးထောက်နေတဲ့သွမ့်အန်းရန်လဲသူမရဲ့အကြံကမအောင်မြင်ဘူးဆိုတာကိုသိသွားတော့အထိတ်တလန့်ဖြစ်သွားပြီး: 'နမ်ဖုန်....'

'သွမ့်မိန်းကလေးနဲ့ကျွန်မသားနဲ့ကမထိုက်တန်ပါဘူး။ကျွန်မရဲ့သားကလက်ထပ်ပြီးသွားပါပြီ။ဘာလို့သူ့ကိုလိုက်နှောင့်ယှက်နေရတာလဲ?' ဝေ့ရှို့လန်ကတော့သွမ့်အန်းပြောတဲ့စကားတွေကိုသိပြီးသားဖြစ်နေလို့နည်းနည်းလေးတောင်မတုန်လှုပ်သွားဘူး။

သွမ့်အန်းရန်လဲနားမလည်နိုင်ဘဲ: 'အန်တီ့သားခံစားခဲ့ရတာတွေကိုအန်တီသိရဲ့လား?သူခြိမ်းခြောက်ခံရလို့လက်ထပ်လိုက်ရတာ။လွန်ခဲ့တဲ့တစ်နှစ်တုန်းကအန်ကယ်ရုတ်တရက်ကြီးဘာလို့ဆုံးသွားရတာလဲဆိုတာကိုသိရဲ့လား?အဲ့ဒါအန်တီ့ရဲ့ချစ်လှစွာသော‌ချွေးမနဲ့သူ့အမေကြောင့်ဘဲ။ခိုင်လုံတဲ့သက်သေမရှိသေးလို့သာ။အန်တီ့သားသူ့ကိုလက်ထပ်ခဲ့တာကလဲအန်တီတန်ဖိုးထားတဲ့အန်တီ့ယောက်ျားရဲ့အိမ်ကိုပြန်ယူပေးဖို့ဘဲ'

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now