အပိုင်း(၁၇)

1K 100 2
                                    

စစ်သားငယ်လေးလဲရှက်ရှက်နဲ့ခေါင်းကုတ်လိုက်ပြီး: 'အဲ့ဒီမိန်းကလေးကရုပ်လေးကလဲလှတဲ့အပြင်အသံလေးကလဲသာနေတာဘဲ။မဟုတ်တာတွေကိုလျှောက်ပြောမယ့်ပုံမပေါ်ဘူး'

'အဲ့ဒါငါ့ညီသုံးရဲ့မိန်းမ' လုရှင်းရန်ထည့်ပြောလိုက်တယ်။

'တတိယသခင်လေး?တတိယသခင်လေးကျိလား?အံ့ဩစရာမရှိပါဘူး.....ဒီလိုအရည်အချင်းရှိတဲ့မိန်းကလေးကဘဲ တတိယသခင်လေးအနားမှာရပ်တည်နိုင်မှာ' စစ်သားငယ်လေးလဲစိတ်ရင်းနဲ့ထောက်ခံလိုက်တယ်။

မော့လင်ရှီးနေ့လည်စာစားပြီးလို့ရုံးကိုပြန်လာတော့လုရှင်းရန်တို့အဖွဲ့တွေမရှိကြတော့ဘူး။လေ‌အေးတွေကလဲတိုက်ခတ်နေတော့လူသွားလူလာသိပ်မရှိကြဘူး။လမ်းသွားလမ်းလာအနည်းစုကဘဲစောစောကဖြစ်သွားတဲ့ပစ်ခတ်မှု‌အကြောင်းကိုးပြောနေကြတယ်။

‌အပြင်မှာအရမ်းကိုအေးနေ‌တာနဲ့မော့လင်ရှီးလဲသူတို့ပြောနေကြတာတွေကိုနားမထောင်တော့ဘဲရုံးကိုဘဲဆက်သွားလိုက်တယ်။ရုံးထဲကလူတွေကလဲအဲ့ဒီအကြောင်းကိုဘဲပြောနေကြတာ။

'ရှောင်မော့.....စောစောကညီမထွက်သွားတုန်းကဘာမှထွေထွေထူးထူးမဖြစ်ခဲ့ဘူးမဟုတ်လား?' မိန်းကလေးတစ်ယောက်ကစိတ်ပူပြီးမေးလိုက်တယ်။မော့လင်ရှီးလဲကုမ္ပဏီကိုရောက်တာလဝက်လောက်ရှိနေပြီဆိုတော့ ဒီမိန်းကလေးကိုသိတယ်။သူမရဲ့နာမည်ကတိုက်မန်တဲ့။သူမတို့တွေကလာမယ့်ပြိုင်ပွဲမှာအတူတူဝင်ပြိုင်ကြမှာ။တိုက်မန်ကသူမထက်ကုမ္ပဏီကိုဝင်တာတစ်နှစ်စောတယ်။တိုက်မန်ကစိတ်နှလုံးသား‌နွေးထွေးတဲ့မိန်းကလေးဖြစ်ပြီးသူမထက်တစ်နှစ် နှစ်နှစ်လောက်ဘဲကြီးတာ။

'ညီမဘာမှမဖြစ်ပါဘူး။ကံကောင်းပြီး ပစ်ခတ်နေကြတုန်းက ပုန်းစရာနေရာကောင်းကောင်းရှာတွေ့ခဲ့လို့သူတို့မမြင်သွားဘူး။အမတို့တွေကရော?အမတို့အားလုံးကိုစောစောကမတွေ့လိုက်ပါဘူး' လုရှင်းရန်တို့ကာကွယ်ထားကြတဲ့လူတွေထဲမှာကုမ္ပဏီကလူတွေကိုသူမ မတွေ့မိဘူး။

'အမတို့ကရုံးကနေစောစောထွက်လာလို့အဲ့ဒါနဲ့လွတ်သွားတာ'

'ရှောင်မော့.....စောစောကညီမနဲ့ကိုလူချောခေါင်းဆောင်တို့စကားပြောနေကြတာကိုတွေ့လိုက်တယ်။သူကဘယ်သူလဲ?ညီမတို့နှစ်ယောက်ကအသိတွေလား?' ဆွဲဆောင်မှုရှိရှိဝတ်စားထားတဲ့နောက်မိန်းကလေးတစ်ယောက်ကမေးလိုက်တယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now