အပိုင်း(၁၉)

769 67 1
                                    

ယသူမတို့ငါးယောက်လုံးရဲ့ဒီဇိုင်းတွေကမတူညီကြဘူး။မော့လင်ရှီးအနေနဲ့မျှမျှတတပြောရမယ်ဆိုရင် သူမတို့ဒီဇိုင်းဆွဲတဲ့ပုံစံတွေကသာမတူညီကြပေမယ့် ထွက်လာတဲ့ဒီဇိုင်းရလဒ်တွေကတော့တူညီမယ်လို့ထင်တယ်။

'ဒီဇိုင်းတွေအားလုံးကကောင်းကြပါတယ်။ဒါပေမယ့်အမသာသတို့သမီးဆိုရင်ညီမရဲ့ဒီဇိုင်းနှစ်ခုကိုဘဲရွေးမှာ' တိုက်မန်ဆက်ပြောလိုက်တယ်။

မော့လင်ရှီးလဲပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ဖို့လုပ်လိုက်တာ်။အရိုးသားဆုံးပြောရမယ်ဆိုရင် သူမကိုလူတွေကဒီလိုပွင့်ပွင့်လင်းလင်းကြီးချီးကျူးစကားလာပြောရင်သူမ မရှက်ဘဲနဲ့မနေနိုင်ဘူး။ချစ်တဲ့လူတွေကနှိပ်ချလွန်းတယ်လို့ထင်သွားနိုင်ပေမယ့် မုန်းတဲ့လူတွေကတော့ အပြင်ပန်းမှာတော့ဟန်ဆောင်နေပြီးမာန်တက်နေတဲ့လူလို့ထင်သွားနိုင်တယ်။သူမကEQနိမ့်တော့အဲ့ဒါတွေကိုလိုက်စဉ်းစားဖို့ကသူမအတွက်ခက်ခဲလှတယ်။

'အ...ဆောရီး...နင်ဒီမှာရှိနေတာကိုမမြင်လိုက်လို့' သူမတိုက်မန်နဲ့စကားပြောနေတုန်းသူမလက်ထဲကဖိုင်တွေကအောက်ကိုပြုတ်ကျသွားတယ်။တောင်းပန်လိုက်တဲ့အမျိုးသမီးရဲ့အသံကတော့လီနာကလွဲပြီးဘယ်သူရှိဦးမှာလဲ?

'နင်တမင်လုပ်တာမဟုတ်လားလီနာ။ဒီလောက်လမ်းအကျယ်ကြီးရှိနေတာတောင်ငါတို့ကိုဝင်တိုက်မိတယ်ပေါ့လေ' တိုက်မန်ကပွင့်ပွင့်လင်းလင်းသမားဆိုတော့ နောက်ဆက်တွဲကိုမစဉ်းစားဘဲပြောချပစ်လိုက်တယ်။

မော့လင်ရှီးလဲဆွံ့အနေမိတယ်။သူမကိုဘာလို့လူတိုင်းကဒီစကားဘဲလာပြောနေကြတာလဲ?အရင်သူမကျိနမ်ဖုန်ရဲ့တက္ကသိုလ်ကိုသွားတုန်းက စကပ်အတိုအကျပ်ကိုဝတ်ထားတဲ့မိန်းမကလဲဒီစကားကိုဘဲပြောခဲ့တာ။

'ဒါနဲ့စကားမစပ် နင်ကမော့လင်ရှီးမဟုတ်လား?ကြည့်ရတာငါနင့်ကိုအထင်သေးမိသွားတယ်။နင်ကအရည်အချင်းရှိသားဘဲ။ငါထင်ခဲ့တာကတော့....' ‌လီနာသူမကိုခေါင်းစခြေဆုံး‌ကြည့်ပြီး ပြုံးပြီးထွက်သွားတယ်။

မော့လင်ရှီးလဲသူမဘာအဓိပ္ပါယ်နဲ့ပြောသွားတာလဲဆိုတာကိုစဉ်းစားနေတုန်း တိုက်မန်ကရှင်းပြလိုက်တယ်: 'သူ့စကားကိုစိတ်ထဲထားမနေနဲ့။ညီမကလှတော့ကုမ္ပဏီကိုအကပ်နဲ့ဝင်ခဲ့တာလို့သူကထင်နေတာ'

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now