အခန်း(3)

34.6K 2.3K 42
                                    

တံခါး​ခေါက်​သံအဆုံးမှာ လွှမ်းရိပ်​ရဲ့မျက်​လုံးထဲကိုဝင်​လာတဲ့ 2နှစ်​အရွယ်​က​လေး​လေး နှစ်​​ယောက်​ကို​တွေ့လိုက်​ရတယ်

က​လေး​လေးနှစ်​​ယောက်​က အမွှာ​လေး​တွေပီသစွာ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ရုပ်​ဆင်​​နေပြီး​တော့ လွှမ်းရိပ်​နဲ့ ​တော်​​တော်​​လေးကို ရုပ်​ဆင်​တယ်​​လေ လွှမ်းရိပ်​ အငယ်​စား​လေးလို့​ပြောလို့ရ​အောင်​ အရမ်းကို တူလွန်းတယ်​ လွှမ်းရိပ်​နဲ့ မတူတာဆိုလို့ က​လေး​လေးနှစ်​​ယောက်​လုံးမှာ မျက်​လုံးကြည်​​တောက်​​တောက်​​လေး​တွေရှိ​နေတာပဲ ရှိတာ

"ဘိုးဘိုး"

"ဘိုးဘိုး မြစ်​​လေး​တွေ လာပြီလား ဒီမှာ daddyကို နှုတ်​ဆက်​လိုက်​ပါအုံး"

"Daddy daddy"

လွှမ်းရိပ်​ သူ့ဆီကို ​ပြေးလာတဲ့ က​လေး2​ယောက်​ကိုဖက်​လိုက်​ပြီး ရင်​ခွင်​ထဲ ထည့်​ထားလိုက်​တယ်​ ​သွေးက စကား​ပြောတယ်​ပဲ ​ပြောရမလားပဲ လွှမ်းရိပ်​စိတ်​ထဲမှာ က​လေး​လေး​တွေကိုရင်းနှီး​နေတယ်​ က​လေး​လေး​တွေကလည်း အရမ်းချစ်​ဖို့​ကောင်း​နေတာကို

"က​လေး​လေး ​တွေကို ​မွေး​ပေးတဲ့ သူ​ရော"

"အဲဒါမင်းသိစရာမလိုဘူး"

"ဘာလို့မလိုရမှာလဲ"

"ဒီအတိုင်းအခ​ကြေး​ငွေ​ပေးထားတဲ့ အငှါးကိုယ်​ဝန်​​ဆောင်​မလို့ပဲ"

"အဖိုး တရားလွန်​​နေပြီလို့မထင်​ဘူးလား"

"ဦး​လေးမျိုးရန်​"

"သခင်​​လေး"

"သားသားတို့ကို​ခေါ်သွားလိုက်​"

"Daddy daddy"

သိတတ်​စကတည်းက သူ့daddyဓာတ်​ပုံပြထားပြီး ရင်းနီး​အောင်​လုပ်​ထား​ပေးတာ​ကြောင့်​ က​လေး​လေး​တွေက သူ့daddyကိုမခွဲနိုင်​ ဖြစ်​​နေကြတယ်

လက်​ကိုအတင်းဆွဲပြီး လိုက်​မသွားချင်​တဲ့မျက်​နှာ​လေး​တွေနဲ့ လွှမ်းရိပ်​ကို ​မော့ကြည့်​လာတဲ့ က​လေး​လေး​တွေ​ကြောင့်​ လွှမ်းရိပ်​အသဲယားပြီး ပါး​လေး​တွေကို နမ်းလိုက်​မိတယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now