Extra-5

10K 646 27
                                    

"ဂျိန်းစ်​"

"ဆရာ"

အေးစက်​သွားတဲ့​ခေါ်သံ​တွေနဲ့အတူ ရမ်​အ​ပေါ် ဂျိန်းစ်​က အရာရာ ​အေးစက်​သွား​တော့တယ်​ သတိပြန်​ရကတည်း ရမ်​ကို အလုပ်​သ​ဘောအရသာ ဆက်​ဆံတတ်​ပြီး ကျန်​တဲ့အချိန်​​တွေဆို မသိသလိုသာ​နေတတ်​​တော့တယ်​ ဘယ်​သူကိုမှ သိပ်​စကားမ​ပြောတတ်​သလို ဘယ်​သူနဲ့မှလည်းမပက်​သက်​​တော့ဘူး​လေ

အရင်​က ပြုံးပြုံးရွှင်​ရွှင်​​နေတတ်​တဲ့ ဂျိန်းစ်​က အဲလို အရီအပြုံးမရှိ​တော့တာမလို့ ရမ်​တင်​မဟုတ်​ပဲ masterတို့ပါ မ​နေတတ်​မထိုင်​တတ်​ဖြစ်​​နေ​တော့တယ်

လူဆိုး​လေးက တကယ်​ပဲရမ်​ကို အရမ်းစိတ်​ဆိုးသွားတယ်​ထင်​တယ်​ တစ်​လ​တောင်​ရှိပြီ တပည့်​​တွေ​တောင်​ ဒီတစ်​လအတွင်း ဂျိန်းစ်​ရဲ့အပြစ်​​ပေးကြမ်းမှုနဲ့ trainee​တွေ​ကြောင့်​ ထွက်​​ပြေး​နေချင်​ကြ​တော့တယ်

"ကိုယ်​တို့စကား​ပြောရ​အောင်​ ဂျိန်းစ်​"

"စုံစမ်းချက်​​တွေအရ ဟိုတစ်​ခါတိုက်​ခိုက်​ခံရတာ​တွေက Gဂိုဏ်းက သစ္စာ​ဖောက်​​တွေလုပ်​တာမဟုတ်​ပဲ Gဂိုဏ်းက လုပ်​တာလို့ စုံစမ်းရပါတယ်​ လုပ်​ကြံမှုမ​အောင်​မြင်​လို့ သူ့လူတစ်​ချို့ကိုရင်းလိုက်​တာပါ"

"ဂျိန်းစ်​"

"ဟုတ်​ကဲ့ဆရာ"

"စကား​ပြောရ​အောင်​"

"ဟုတ်​ကဲ့ ကျွန်​​တော်နား​ထောင်​​နေပါတယ်​"

"ကိုယ်​ဘာ​ပြောချင်​လဲ မင်းသိပါတယ်​ ဂျိန်းစ်​"

ရမ်​ ဂျိန်းစ်​ရဲ့လက်​ကို လှမ်းဆွဲလိုက်​​တော့ ဂျိန်းစ်​က ရုန်းလိုက်​ပြီး

"​ပြောစရာမရှိ​တော့တာမလို့ ခွင့်​ပြုပါအုံး"

ရမ်​ ဂျိန်းစ်​ကို အတင်းဖက်​ထားလိုက်​ပြီး လည်​ပင်း ​လေးကိုနမ်းလိုက်​​တော့ ဂျိန်းစ်​က တွန့်​ခနဲဖစ်​သွားပြီး အတင်းရုန်းကန်​လာ​တော့တယ်​ နှစ်​​ယောက်​လုံးက တိုက်​ခိုက်​​ရေးသမား​တွေမလို့ ရမ်​တို့ကြားက နူးညံ့မှု​တွေကအမြဲ​ပျောက်​ဆုံး​နေတတ်​တယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now