အခန်း(5)

34.4K 2.6K 119
                                    

"ရနံ့ ချစ်​သူ အလုပ်​ကိုဘယ်​လို လုပ်​​နေတာလဲ"

"ကျွန်​​တော်​​တောင်းပန်​ပါတယ်​ ကျွန်​​တော်​ပြန်​လုပ်​​ပေးပါမယ်​"

သမီး​လေးငို​နေမှာဆိုတဲ့ အသိ​ကြောင့်​ ရနံ့ ဘာမှလုပ်​လို့မရပဲ အလွဲလွဲအမှားမှားဖြစ်​​နေ​တော့တယ်​ ပို့ရမဲ့ ဖိုင်​​တွေကိုလည်း မှားပို့ ​နေတာ​ကြောင့်​ မန်​​နေဂျာ ဆူတာကိုလည်း ခနခန ခံ​နေရတယ်

"Presentation file​ရော"

"ဒီမှာပါ အမ ကျွန်​​တော်​ပြီးပြီဆို သမီး​လေးဆီ ခနသွားလိုက်​အုံးမယ်​"

"ဘာပြီးတာလဲ presentationမှာ ​ပြောမယ့်​အ​ကြောင်း​တွေကို ငါ့ဆီတစ်​​ခေါက်​လာ​ပြောပြ"

"ခန​လေးပါအမရယ်​ သမီး​ကေ ​နေမ​ကောင်းလို့ ပါ တအားငို​နေရင်​ ဖျား​နေမှာ စိုးလို့ပါ အမရယ်​"

"Presentationမှာ ​ပြောမယ့်​ အ​ကြောင်း​တွေ ​ပြောပြပြီးရင်​ သွားလို့ရမယ်​"

မန်​​နေဂျာအခန်းထဲကို မျက်​နှာမ​ကောင်းပဲပါသွားတဲ့ ရနံ့ကိုကြည့်​ပြီး အားလုံးကစိတ်​မ​ကောင်းဖြစ်​​နေ​တော့တယ်

"ဘယ်​လိုမိန်းမလဲ မသိဘူး သားသမီးချင်းကိုယ်​ချင်းမစာဘူး"

"ဟုတ်​ပါ့ မိခင်​စိတ်​မရှိလိုက်​တာ"

"ဘယ်​ရှိမလဲ ဇွန်​ရဲ့ ကြယ်​စင်​သိသ​လောက်​ အဲ မန်​​နေဂျာအမ က က​လေးမ​မွေးနိုင်​လို့ သူ့​ယောက်​ကျားကကွာရှင်းလိုက်​တာတဲ့ အဲဒါ​ကြောင့်​ က​လေး​တွေဆို သူကတအားမုန်းတာတဲ့"

"ဟုတ်​တယ်​ သက်​ထားလည်းကြားဖူးတယ်​ သူက သူ့ရဲ့ ရည်းစားကိုပစ်​ပြီး ချမ်းသာတဲ့ သူ​ဌေးကိုလက်​ထပ်​လိုက်​တာတဲ့ ပြီး​တော့ က​လေးမ​မွေးနိုင်​လို့ အဲအိမ်​ကနှင်​ထုတ်​လိုက်​တာ အဲဒါသူမ​မွေးနိုင်​လို့ က​ဘေးရှိတဲ့လူ​တွေကို သူက ကြည့်​မရဘူး​လေ"

"Daddy တူက ဘယ်​သူလဲ"

သားလွန်း​လေးနဲ့ သားရိပ်​က​လေး က လွှမ်းရိပ်​ချီလာတဲ့ က​လေး​လေးကိုကြည့်​ပြီး​မေး​နေတာ​ကြောင့်​ က​လေး​လေးကို သားသားတို့ကို ပြလိုက်​ပြီး

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now