"Babiesတို့ကို ကြိုရအုံးမယ်"
ကားပေါ်ရောက်တာနဲ့ လွှမ်းရိပ်ကိုကြည့်ပြီးတိုးတိုးလေးပြောလာတဲ့ honeyလေး
"အွန်း"
"Babiesတို့က အံ့အော်ပြီး ပျော်နေတော့မှာပဲ မနက်က darlingကိုမတွေ့လို့မေးနေကြတာ"
"ကိုယ်ပျော်တယ် သိလား"
"ဗျာ"
"ကိုယ့်honeyလေးက ကိုယ့်ကိုယုံတယ်ပြောလို့ ကိုယ်အရမ်းပျော်နေတာ ကျေးဇူးတင်ပါတယ် ကိုယ့်အသဲ"
ရနံ့ရဲ့ လက်တစ်ဖက်ကို ခပ်ဖွဖွနမ်းလိုက်ပြီး နဖူးကို နမ်းလိုက်တော့တယ်
"ရှေ့မှာ ရမ်ရှိတယ်လေ"
"ကိုယ့်ယောက်ကျားကိုနမ်းတာ ဘာတွေရှက်စရာရှိလို့လဲ honeyရဲ့"
"Darlingကလဲ"
"Babiesတို့နဲ့ ရုပ်ရှင်သွားကြည့်ကြမလား"
"Babiesတို့က ရုပ်ရှင်ရုံမှာ ငြိမ်ငြိမ်နေပါ့မလား"
"သူတို့ကြိုက်တဲ့ power rangerကားပြရင်း ကိုယ်တို့က ရုပ်ရှင်ရုံdateမယ်လေ"
"အွန်း darling သဘော"
"ဒါနဲ့ honey"
"ဗျာ"
"Honeyမိဘတွေနဲ့ ပက်သက်ပြီး ကိုယ့်ကို တကယ်ယုံကြည်ရဲ့လား"
လွှမ်းရိပ်စကားကြောင့် honeyလေးက လွှမ်းရိပ်ပါးနှစ်ဖက်ကို သူ့လက်ဖဝါးသေးသေးလေးနဲ့ ဆုပ်ကိုင်လာပြီး
"ဒီလောကတခုလုံးမှာ honeyအယုံကြည်ဆုံးက darlingတစ်ယောက်ပဲရှိတယ် darlingနဲ့ ပက်သက်ပြီး honeyယုံကြည်တာတခုက darlingက honeyနဲ့ babiesလေးတို့ကို ဘယ်တော့မှထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးဆိုတာပဲ"
လွှမ်းရိပ် honeyလေးကို ဘာမှမပြောနိုင်တော့ပဲ ရင်ခွင်ထဲကိုဆွဲထည့်ထားလိုက်တော့တယ်
"ကျေးဇူးပါ honeyလေး ကိုယ့်ကိုယုံကြည်ပေးတာကျေးဇူးပါ"
ရမ် ကားနောက်ခန်းကmasterတို့အတွဲကိုကြည့်ပြီး ပျော်နေမိတော့တယ် သူကိုလည်း ဂျိန်းစ်က အရာအားလုံးယုံကြည်ပေးပြီး ချစ်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲနော်
YOU ARE READING
babies လေးတို့ရဲ့ daddy babies လေးတို့ရဲ့ daddy
Romanceရိုးရိုးရှင်းရှင်းလေးတွေ့ဆုံမှုတွေ များပင်မယ့် ကိုယ်တို့ရဲ့တွေ့ဆုံမှုတွေက babiesလေးတွေနဲ့အစပြုတယ် ရိုးရိုးရှင်းရှင်းလေးတွေ့ဆုံမှုတွေ များပင်မယ့် ကိုယ်တို့ရဲ့တွေ့ဆုံမှုတွေက babiesလေးတွေနဲ့အစပြုတယ်