"ဘာကိစ္စလဲ အန်ကယ်မျိုးရန်"
"သခင်ကြီး နေမကောင်းဖြစ်နေတယ် သခင်လေး သခင်လေးကိုပဲ တချိန်လုံးမေးနေလို့ပါ"
"ကျွန်တော်စကားကို ရှင်းရှင်းလင်းလင်းပြောထားပြီသားပဲ honeyနဲ့ ကျွန်တော့်babiesတွေကို လက်မခံပေးနိုင်ရင် အဖိုးဆီကိုကျွန်တော်မလာဘူး"
"သခင်လေး"
"ပြန်လို့ရပြီ"
"ငယ်ငယ်လေးကတည်းကစောင့်ရှောက်ပေးလာတဲ့ သခင်ကြီးကို နည်းနည်းလေးဖြစ်ဖြစ်တော့ကြည့်ပေးပါ သခင်ကြီးက သခင်လေးကို တကယ်လိုအပ်နေတာပါ"
"အဖိုးရဲ့စောင့်ရှောက်ပေးတဲ့ကျေးဇူးတရားကို ကျွန်တော် အသက်30ကျော်တဲ့ထိ ဖိုးဖိုးပြောသလိုနေပြီး ဆပ်ခဲ့ပီးပြီ ခုချိန်မှာတော့ ကျွန်တော်မိသားစုကသာလျှင် ကျွန်တော်အတွက်အရေးကြီးဆုံးပဲ"
ပြတ်ပြတ်သားသားပြောပြီး လှည့်ထွက်သွားတဲ့ သခင်လေးလွှမ်းရိပ်အားမာတ်ကိုကြည့်ပြီး ဦးမျိုးရန် သက်ပြင်းသာချလိုက်မိတော့တယ် ခေါင်းမာတဲ့ မြေးအဖိုးကြားမှာ သူက ကန့်လန့်ကနိ့လန့် ဖြစ်နေရတယ်လေ
"ဘာတွေထလုပ်နေပြန်တာလဲ honeyရယ် ကိုယ်ခနလေးအောက်ဆင်းသွားတာကို ငြိမ်ငြိမ်မနေဘူး"
"Babiesလေးတွေမူကြိုသွားကြည့်ဖို့ ဘာဝတ်ရမလဲ ကြည့်နေတာပါ"
"ကိုယ့်honeyလေးက ဘာဝတ်ဝတ်ကြည့်ကောင်း ပါတယ် အသဲရဲ့ ကိုယ့်အတွက်ဆိုရင် တော့ ဘာမှမဝတ်ထားတာလေးကို ပိုသဘောကျတယ်"
"ဟာ darlingနော်"
ရဲတက်သွားတဲ့ မျက်နှာလေးကိုကြည့်ပြီး လွှမ်းရိပ်တဟားဟားနဲ့ အော်ရီလိုက်မိတော့တယ်
"မရီနဲ့ ရှက်လည်းမရှက်တတ်တဲ့လူကြီး"
လွှမ်းရိပ်ကိုပြောပြီး တံခါးနားကို လျှောက်သွားတဲ့ honeyလေးကြောင့် ခါးသေးသေးလေးကို ဆွဲဖက်ပြီး လွှမ်းရိပ်မေးစေ့ကို honeyပေါ်တင်ရင်း ဆံနွယ်လေးကို နမ်းလိုက်တော့တယ်
YOU ARE READING
babies လေးတို့ရဲ့ daddy babies လေးတို့ရဲ့ daddy
Romanceရိုးရိုးရှင်းရှင်းလေးတွေ့ဆုံမှုတွေ များပင်မယ့် ကိုယ်တို့ရဲ့တွေ့ဆုံမှုတွေက babiesလေးတွေနဲ့အစပြုတယ် ရိုးရိုးရှင်းရှင်းလေးတွေ့ဆုံမှုတွေ များပင်မယ့် ကိုယ်တို့ရဲ့တွေ့ဆုံမှုတွေက babiesလေးတွေနဲ့အစပြုတယ်