အခန်း(28)

20.6K 1.3K 38
                                    

"ဒါမင်းအခန်း နားလိုက်​အုံး ရမ်​"

"ဒါက ဘယ်​ကိုသွားမှာလဲ ဂျိန်းစ်​"

"ငါ့အခန်းပြန်​မှာ​ပေါ့"

"ဂျိန်းစ်​ ခုချက်​ခြင်း အခန်းတံခါးကို ပြန်​ပိတ်​ပြီး ငါ့ဆီလာရင်​ မင်းအပြစ်​​လျော့မယ်​​နော်​"

ကုတင်​​ပေါ်မှာ ထိုင်​​နေတဲ့ရမ်​ရဲ့​အေးစက်​စက်နဲ့ ကြည့်​တဲ့မျက်​လုံးပြာပြာ​တွေနဲ့ စကားသံ​တွေ​ကြောင့်​ အပြင်​ထွက်​ဖို့လုပ်​​နေတဲ့ ဂျိန်းစ်​ရဲ့​ခြေ​ထောက်​​တွေက ရမ်​ဆီပြန်​​ရောက်​သွား​တော့တယ်

ရမ်​က ဥ​ရောပသားအ​ဖေနဲ့ အာရှသားအ​မေဆီက​ပေါက်​ဖွားလာတာမလို့ ရမ်​ရဲ့ရုပ်​ရည်​က အ​ရှေ့တိုင်းအ​နောက်​တိုင်း ​ရောတဲ့ရုပ်​ရည်​မျိုး အရပ်​​ခြောက်​​ပေ​ကျော်​​လောက်​ရှိပြီး အာရှဖက်​တူတဲ့ အသားအညို​ရောင်​နဲ့ ဥ​ရောပဖက်​တူတဲ့မျက်​လုံးပြာပြာ​လေး​တွေက ရမ်​ကို ပိုပြီး​ယောက်​ကျားပီသ​စေတယ်​ ရမ်​နဲ့ ဂျိန်းစ်​က body structureချင်းသိပ်​မကွာပင်​မယ့်​ ရမ်​တကယ်​စိတ်​ဆိုးပြီဆို ဂျိန်းစ်​မှာ အကြည့်​တချက်​တင်​​သေ​အောင်​​ကြောက်​ရတယ်​​လေ

"တမာန်​ဆိုတာ ဘာလဲ"

"Graysonရဲ့ညီ"

"ငါ​မေးတာ အဲဒါမဟုတ်​မှန်းမင်းသိတယ်​​နော်​ ဂျိန်းစ်​"

"အဲဒါဆို ငါကဘယ်​လို​ဖြေရမှာလဲ ရမ်​ ငါ့ချစ်​သူအသစ်​လို့​ပြောရမှာလား"

ရမ်​က ရုတ်​တရက်​ထလိုက်​တာ​ကြောင့်​ ဂျိန်းစ်​ ​နောက်​ကို အလိုလို​ခြေတလှမ်းဆုတ်​လိုက်​မိတယ်

"ရမ်​ မင်း"

ရုတ်​တရက်​ ကပ်​လာတဲ့ ရမ်​​က ဂျိန်းစ်​ရဲ့လက်​နှစ်​ဖက်​ကို ချုပ်​လိုက်​တာ​ကြောင့်​ ဂျိန်းစ်​ရုန်းလိုက်​ပင်​မယ့်​ ဘယ်​လိုမှရုန်းလို့မရဘူးဖြစ်​​နေ​တော့တယ်​ ရမ်​က ပုံမှန်​အချိန်​ဆို ဂျိန်းစ်​နဲ့ လက်​ရည်​ချင်းမကွာပင်​မယ့်​ သူတကယ်​စိတ်​တိုလာပြီဆို ဂျိန်းစ်​ကို အလွယ်​တကူ ဖမ်းချုပ်​နိုင်​​အောင်​ အား​တွေရလာ​တော့တယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now