အခန်း(19)

24.4K 1.6K 47
                                    

Darlingကား ခြံထဲကထွက်​သွားတာနဲ့ ရနံ့ babiesတို့နဲ့ အိမ်​ထဲပန်​ဝင်​လာ​တော့တယ်​ တကယ်​ဆို ရနံ့လည်း အလုပ်​လုပ်​ချင်​တာ​ပေါ့ ဒါပင်​မယ့်​ ဟိုသဝန်​တိုလွန်းတဲ့ လူကြီး​ကြောင့်​ ရနံ့အိမ်​မှာ ​နေဖို့ပဲ ဆုံးဖြတ်​လိုက်​တာ

အဲလူကြီးက​လေ ဘယ်​​တော့မှ ရနံ့ကိုသဝန်​တိုတယ်​လို့မ​ပြောသလို ရနံ့ကိုချုပ်​လည်းမချုပ်​ချယ်​ဘူး ဒါပင်​မယ့်​ ရနံ့ လူတစ်​​ယောက်​နဲ့ သာမာန်​ထက်​ပိုပြီး ရင်းနှီး​နေတယ်​လို့ ထင်​ရင်​ အဲလူက တစ်​ရက်​မကြာဘူး အ​ကြောင်းအမျိုးမျိုးနဲ့ ရနံ့ရဲ့ ​ဝေးရာကို ​ရောက်​သွား​တော့တယ်​ ပထမဆုံးစ​တွေ့တုန်းကလည်း ဌာနကအစ်​ကို ကို စင်​ကာပူပို့ဖြစ်​လိုက်​တယ်​ သူ့မှာ ခုချိန်​ထိ မြန်​မာပြည်​ကိုပြန်​လာလို့မရရှာဘူး

ပြီး​တော့ ရှိ​သေးတယ်​ လွန်​ခဲ့တဲ့ သုံးလက​လေ ဌာနက အသစ်​​ရောက်​လာတဲ့ supervisorက ရနံ့ကို ချစ်​ဖို့​ကောင်းလို့ဆိုပြီး ချစ်​ဖို့​ကောင်းတယ်​လို့ ​ပြောမိတာနဲ့ ​နောက်​​နေ့ကြ​တော့ မူဆယ်​ရုံးခွဲကို အပို့ခံလိုက်​ရ​ရောပဲ​လေ အဲ​နောက်​ပိုင်း ဌာနကလူ​တွေက ရနံ့ဆိုရင်​ အနားကပ်​ရမှာ​တောင်​ ​ကြောက်​​နေ​တော့တယ်​ အရမ်းသဝန်​တိုတတ်​တဲ့လူကြီး

"ပါးပါး မုန့်​ မုန့်​"

"ဝက်​ပုတ်​​လေး ခုမှထမင်းစားထားတာ​လေ မုန့်​က စားချင်​ပြန်​ပြီလား"

"အားရှိ​အောင်​ ရိပ်​​လေးကများကြီးစားတာ အဲဒါမှ ပါးပါးကိုကာကွယ်​နိုင်​မှာ"

"အမ​လေး ဟုတ်​ပါပြီအတတ်​​လေးရယ်​ ပါးပါးကမုန့်​​ကျွေးပါမယ်​"

"ပါးပါးကို ချစ်​"

"Baby သူ​လေးနဲ့ baby လွန်း​လေး​ရော မုန့်​မုန့်​စားမလား"

"ချားမယ်​"

"ပါးပါး မုန့်​ယူ​ပေးမယ်​​နော်​ စားပြီးရင်​ ဘာလုပ်​ရမလဲ"

"ပုံဆွဲရမယ်​"

"ဟုတ်​တယ်​ ပါးပါးbabies​တွေက ​တော်​လိုက်​တာ"

ရနံ့ babies​လေး​တွေကို မုန့်​ယူ​ပေးပြီး အနားမှာထိုင်​ရင်း မုန့်​စားတာကို ကြည့်​​နေမိတယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now