"ဟင် ဘယ်လိုဖြစ်တာလဲ အစ်ကိုလွင်က ရုတ်တရက်ကြီး ဘာလို့ စင်ကာပူကိုသွားရတာလဲ"
"အဲဒါကို အမတို့လည်းသိချင်နေတာ အမတို့ကိုတောင် နှုတ်မဆက်နိုင်ဘူး companyက ချက်ခြက်းသွားခိုင်းတာတဲ့"
ရနံ့ ရုံးရောက်တော့ အစ်ကိုလွင်က ရုတ်တရက်ကြီး စင်ကာပူရုံးခွဲသွားရတယ်ဆိုတာကြောင့် ရနံ့ အံ့အားတသင့်မေးနေမိတော့တယ် တရုံးလုံးကလည်း အံအားတသင့်နဲ့ အဲအကြောင်း ကိုပြောနေတော့တယ်
"ရနံ့ချစ်သူ CEOကရုံးခန်းထဲလာခဲ့ပါတဲ့"
"ဗျာ"
ခုမှရုံးရောက်လို့ အစ်ကိုလွင်အကြောင်း မေးပြီးရုံရှိသေးတယ် CEOကလှမ်းခေါ်ပြန်ပြီ ခုလေးတင်မှ တူတူကားစီးလာပြီး ရုံးခန်းထဲမှာ ထိုင်တောင်မထိုင်ရသေးဘူးလေ
"ခုလာခဲ့ဖို့ပြောပါတယ်"
"ဟုတ်ကဲ့ ဂျာကြီး"
အားလုံးကဝိုင်းကြည့်နေပင်မယ့်လည်း မသွားလို့မှမဖြစ်တာ ခုနက ကားပေါ်မှာတင် ရနံ့ကိုခြိမ်းခြောက်ထားတယ်လေ သူခေါ်တဲ့အချိန်မလာရင် တွေ့တဲ့နေရာမှာ ဖက်နမ်းမှာတဲ့ နည်းနည်းလေးမှ အရှက်တရားမရှိတဲ့လူကြီး
"ဝင်သွားလိုက်ပါ သခင်လေး သခင်ကြီး အထည့်မှာစောင့်နေပါတယ်"
ရနံ့ အစ်ကိုသော်တာကိုပြုံးပြရင်း အခန်းထဲကို ဖွင့်ပြီး ဝင်လိုက်တော့တယ်
"ဟို ရနံ့ကိုခေါ်တယ်ဆို"
လွှမ်းရိပ် လက်ပြပြီး အနားခေါ်လိုက်တော့ စားပွဲကိုပါတ်ပြီး လွှမ်းရိပ်ခုံနားရောက်လာတော့တယ် လွှမ်းရိပ် လက်လေးကို ဆွဲလိုက်တော့ လွှမ်းရိပ် ပေါင်ပေါ်မှာ ထိုင်ရက်သားလေးဖြစ်နေတဲ့ honeyလေး
"သတိရလို့ အရမ်းသတိရလို့ ခေါ်ခိုင်းလိုက်တာ "
"ဗျာ ရနံ့တို့ ခုနကမှ ကားပေါ်ကတူတူဆင်းလာတာလေ"
"ဟုတ်တယ်လေ ကိုယ်တို့မတွေ့ရတာ 28မိနစ်တိတိရှိသွားပြီလေ ကိုယ်က မင်းလေးနဲ့ တမိနစ်တောင်ခွဲနေချင်တာ မဟုတ်ဘူးလေ"
YOU ARE READING
babies လေးတို့ရဲ့ daddy babies လေးတို့ရဲ့ daddy
Romanceရိုးရိုးရှင်းရှင်းလေးတွေ့ဆုံမှုတွေ များပင်မယ့် ကိုယ်တို့ရဲ့တွေ့ဆုံမှုတွေက babiesလေးတွေနဲ့အစပြုတယ် ရိုးရိုးရှင်းရှင်းလေးတွေ့ဆုံမှုတွေ များပင်မယ့် ကိုယ်တို့ရဲ့တွေ့ဆုံမှုတွေက babiesလေးတွေနဲ့အစပြုတယ်