Extra- end

8.7K 476 9
                                    

"​ပေါင်​​ပေါင်​ မဆိုးရဘူး​လေ"

"ရဘူး အဲကိုသွားမယ်​ အဲကိုသွားချင်​တာပါဆို"

မ​နေ့က tvမှာ ပြ​နေတဲ့ဇာတ်​လမ်းတွဲထဲ မှာ candy landဆိုတဲ့ ချိုချဉ်​ဆိုင်​ကိုမြင်​ပြီး ​ပေါင်​​ပေါင်​တို့ ရစ်​တုန်းကျ​နေတာ​လေ ​ပေါင်​​ပေါင်​က​လေ babies​လေးသုံး​ယောက်​နဲ့မတူတဲ့အချက်​က အချိုအရမ်း​ကြိုက်​တာလည်း ပါတယ်​ ပြီး​တော့ လိုချင်​တာရှိရင်​ ​ချော့မရ​အောင်​ သူလိုချင်​တာကို တစ်​စိုက်​မတ်​မတ်​ ရ​အောင်​​တောင်းတတ်​တာပဲ

"ချစ်​ဖြူလွှမ်းရိပ်​"

အင့်

ရနံအသံမာမာနဲ့ ​အော်​လိုက်​တာနဲ့ မျက်​လုံးဝိုင်းဝိုင်းကြီး​တွေက​နေ မျက်​ရည်​​တွေစီးကျလာ​တော့တယ်​ အငယ်​ဆုံး​လေးမလို့ အားလုံးက အလိုလိုက်​ထားတာ​ကြောင့်​ ချစ်​ဖြူလွှမ်းရိပ်​က တကယ်​ကိုအဆိုးအဆာ​လေး

အသားကဖြူ​ဖွေး​နေပြီး ပါး​ဖောင်း​ဖောင်းကြီး​တွေနဲ့ တုတ်​ခဲ​နေတဲ့ ​ပေါင်​​ပေါင်​​လေးက မျက်​နှာမြင်​ချစ်​ခင်​ပါ​စေဆိုတဲ့ ဆုနဲ့လဲတကယ်​ကို ပြည့်​တာ ငိုရင်​လည်းအသံကိုပြဲကွဲ​နေတာမလို့ ချစ်​ဖြူလွှမ်းရိပ်​တို့ တခါငိုလိုက်​ရင်​ အိမ်​​တောင်​ ​ပေါက်​ကွဲထွက်​​တော့မယ့်​အတိုင်းပဲ

"ခု တိတ်​လိုက်​ ​နော်​ ​ပေါင်​​ပေါင်​ မျက်​ရည်​​တွေကို ခုသုတ်​လိုက်​ ပါးပါးစိတ်​မဆိုးချင်​ဘူး"

ပါး​ဖောင်း​ဖောင်းကြီး​ပေါ်ကမျက်​ရည်​​တွေကိုသူ့လက်​တုတ်​တုတ်​​လေး​တွေနဲ့ သုတ်​ရင်း မျက်​လုံးဝိုင်းကြီး​တွေ ကြည့်​​နေတဲ့ပုံက ရနံ့ ကိုအချစ်​​တွေပို​စေ​တော့တယ်

"ဘာ​တွေဖြစ်​​နေတာလဲ honey"

သူ့daddyအသံကြားတာနဲ့ ကြမ်းပြင်​​ပေါ် ​ခြေစင်းထိုင်​​နေတဲ့ ​ပေါင်​​ပေါင်​က ချက်​ခြင်းထပြီး လုံးလုံးနဲ့ သူ့daddyဆီ​ပြေး​တော့တယ်

"ပါးပါးဆူတယ်​ ​ပေါင်​​ပေါင်​ကို ပါးပါးကဆူတယ်​"

"ဟုတ်​လား daddyရဲ့​ပေါင်​​ပေါင်​​လေးကို ပါးပါးကဆူတယ်​လား ​ပေါင်​​ပေါင်​ကို ဘာလို့ဆူတာပါလိမ့်​ ဒီ​လောက်​လိမ်​မာတဲ့​ပေါင်​​ပေါင်​​လေးကို"

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now