အခန်း(18)

26.4K 1.6K 35
                                    

"ပါးပါး"

"ဗျာ"

"ရိပ်​​လေး​ပြောတာ မှန်​တယ်​မလား ပါးပါးက daddyကိုချစ်​လို့ ပိုပို​ပေးတာမလား"

"Babies​လေး​တွေကြည့်​​နေတယ်​​လေ honey"

"Babies​လေး​တွေ​တော့ စိတ်​မ​ကောင်းဖြစ်​​တော့မှာပဲ သူ့ပါးပါးက သူတို့daddyကိုမချစ်​ဖူးဆိုပြီး."

ရနံ့နားကို တိုးတိုး​လေးကပ်​ပြီး ​ပြော​နေတဲ့လူဆိုးကြီး က​လေး​တွေကို အာရုံ​ပြောင်းမယ်​မရှိဘူး က​လေး​တွေနဲ့​ပေါင်းပြီး ရနံ့ကို အကြပ်​ကိုင်​​နေတယ်

တလဲ့လဲ့ ​တောက်​​နေတဲ့ babies​လေး​တွေ မျက်​လုံး​ကြောင့်​ ရနံ့ ​ခေါင်းညိမ့်​ပြလိုက်​မိ​တော့တယ်

"Babies​လေး​တွေရဲ့daddyကိုချစ်​လို့ ပါးပါးက ပိုပို ​ပေးတာပါ"

ခစ်​ခစ်​ ခစ်

လူဆိုးကြီးက​တော့ ရနံ့ ပခုံးကိုဖက်​လိုက်​ပြီး ပါးကိုနမ်းရင်း

"ခုကိုယ်​တို့ ချစ်​သူ​တွေဖြစ်​သွားကြပြီ​နော်​ ကိုယ့်​ရဲ့ honey​လေး"

ရနံ့ ဘာမှမ​ပြော​တော့ပဲ မျက်​​စောင်းသာထိုးလိုက်​မိ​တော့တယ်​ အဲဒါကို​တောင်​ ရနံ့ကိုကြည့်​ရင်း တဟားဟားနဲ့​အော်​ရီ​နေ​တော့တယ်​ တကယ်​အရှက်​မရှိတဲ့လူကြီးပဲ

"Babiesတို့ အိမ်​ပြန်​ကြမယ်​"

"ဟုတ်​တဲ့"

ရနံ့ အိမ်​ပြန်​​ရောက်​တာနဲ့ babiesတို့ကို အဝတ်​အစားလဲ​ပေး ထမင်း​ကျွေးပြီး အိပ်​​ပျော်​​အောင်​ ​ချော့သိပ်​​နေလိုက်​တယ်​ babiesတို့က အပြင်​ထွက်​ရတာ ​တော်​​တော်​​ပျော်​​နေပုံရတယ်​ သုံး​ယောက်​လုံး မပီကလာ ပီကလာနဲ့ ​စကား​တွေများ​နေပြီး တခစ်​ခစ်​နဲ့ ရီ​နေ​တော့တယ်​ အရမ်းကိုတက်​ကြွ​နေတဲ့ babiesတို့ကို ရနံ့မှာ ​တော်​​တော်​​လေး သိပ်​ယူလိုက်​ရတယ်​ ပြီးကြရင်​ ဟိုလူဆိုးကြီးကို ထမင်း​ကျွေးရအုံးမယ်​ ရနံ့ဒီအိမ်​​ရောက်​တာမှ သုံးရက်​​တောင်​မပြည့်​​သေးဘူး အဲလူဆိုးကြီးက က​လေး​တွေထက်​ဆိုးမှန်းသိလိုက်​ရတယ်​ က​လေး​တွေကမှ က​လေးထိန်းနဲ့ထားလို့ရ​သေးတယ်​ အဲလူကြီးက ဟိုဟာဆိုလည်းရနံ့လုပ်​​ပေးမှ ဒီဟာဆိုလည်း ရနံ့ လုပ်​​ပေးမှဆိုတာချည်းပဲ

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now