အခန်း(21)

24K 1.5K 49
                                    

"Honeyအဆင်​သင့်​ဖြစ်​ပြီလား"

"ဟုတ်​"

လွှမ်းရိပ်​နဲ့ honeyတို့ ညဖက်​သ​င်္ဘော​ပေါ်မှာ dateလုပ်​ဖို့ ပြင်​ဆင်​​နေတာ​လေ honey​လေးက အဖြူ​ရောင်​တီရှပ်​​လေးကို အနက်​​ရောင်​ ဂျင်း​ဘောင်းဘီ​လေးနဲ့ ချစ်​ဖို့​ကောင်း​နေ​တော့တယ်​ သာမာန်​​ယောက်​ကျား​လေးတ​ယောက်​ရဲ့အရပ်​အ​မောင်းရှိ​နေပင်​မယ့်​ လွှမ်းရိပ်​နဲ့ ယှဉ်​ရင်​​တော့ honeyက တကယ့်​​သေး​သေး​လေး အသဲယားစရာ ဖြစ်​ညစ်​ပစ်​ချင်​စရာ ​ပေါက်​စီလုံးလုံး​လေးပဲ

ကားတံခါးဖွင့်​​ပေးလိုက်​​တော့ ပြုံးပြပြီး lover seatမှာ ဝင်​ထိုင်​လိုက်​တဲ့ honey​လေး ​နေ့ခင်းက​ပေးထားတဲ့ အနီအမှတ်​​တွေက လည်​ပင်းမှာ ​ဖျော့​တော့​တော့​လေးကျန်​​နေ​သေးတာကို ကြည့်​ရင်း လွှမ်းရိပ်​ ပြုံးလိုက်​မိတယ်

သက်​​တော်​​စောင့်​ကား​တွေ ​ရှေ့နဲ့ ​နောက်​မှာပါလာပင်​မယ့်​ လွှမ်းရိပ်​တို့ကား​ပေါ်မှာ​တော့ လွှမ်းရိပ်​ honeyနှစ်​​ယောက်​တည်း လွှမ်းရိပ်​ လက်​တစ်​ဖက်​က ကားကို​မောင်းရင်း လက်​တစ်​ဖက်​က honey​လေးကို ခပ်​ဖွဖွဆုပ်​ကိုင်​ထားလိုက်​မိတယ်

"Honey​လေး"

"ဗျာ"

"ဘာလို့ချစ်​ဖို့​ကောင်း​အောင်​ ထူး​နေတာလဲ ကိုယ်​အသဲယားလာပြီ​နော်​"

"ဗျာလို့ပဲထူးတာပါ"

"အဲ ဗျာ ဆိုတဲ့ စကား​လေးက honeyပါးစပ်​​လေးက ​ပြောလိုက်​တာနဲ့ အရမ်းကိုချစ်​ဖို့​ကောင်းသွားတာ"

လွှမ်းရိပ်​​ပြောလိုက်​တာနဲ့ ရှက်​သွားပြီး ဟိုဖက်​လှည့်​သွားတဲ့honey​လေး​ကြောင့်​ လွှမ်းရိပ်​ထပ်​ပြီး ရီလိုက်​မိတယ်​ အရင်​ကမရီတတ်​တဲ့ကိုယ်​က honey​လေးနဲ့မှ ခနခနကို ပြုံးတတ်​ရီတတ်​​နေ​တော့တယ်

"ဟို သ​င်္ဘောလား"

"အင်း"

"လှတယ်​ ရန်​ကုန်​ မြစ်​တ​လျှောက်​သွားမှာမလား"

"Honey​လေးသွားချင်​ရင်​ သွားမှာ​ပေါ့"

ဒေါ်လာသန်းချီအကုန်​ခံပြီး ဝယ်​လိုက်​တဲ့ ဇိမ်​ခံသ​ဘောင်္ကြီးက ​ဈေးအ​တော်​ များတယ်​လို့ ထင်​ရပင်​မယ့်​ honey​လေးရဲ့အပြုံးတခုနဲ့တင်​ ​တော်​​တော်​ကို တန်​တယ်​ဖြစ်​သွားရ​တော့တယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now