အခန်း(13)

28.8K 1.8K 40
                                    

မာမီက gangအချင်းချင်းနယ်​​မြေလုပွဲမှာ လုပ်​ကြံခံရတာ​ကြောင့်​ ခုလို​သေဆုံးသွားတယ်​ဆိုတာ လွှမ်းရိပ်​ သိလိုက်​ရပြီးတဲ့​နောက်​မှာ လွှမ်းရိပ်​ မာမီအတွက်​ကလဲ့စား​ချေဖို့ အ​ကောင်းဆုံးကြိုးစားခဲ့ရတယ်​ အရင်​တုန်းက လူသတ်​ဖို့မ​ပြောနဲ့ အ​ကောင်​​လေးတ​ကောင်​ကို မသတ်​ခဲ့ဖူးတဲ့ လွှမ်းရိပ်​က လူတ​ယောက်​ကို ​အေး​အေး​ဆေး​ဆေး​လေး ပစ်​သတ်​နိုင်​တဲ့အထိ​သွေး​အေးလာခဲ့သလို လွှမ်းရိပ်​ ရဲ့gangကလည်း နယ်​​မြေအကျယ်​ပြန့်​ဆုံးဖြစ်​လာ​တော့တယ်​ ဒါပင်​မယ့်​ လွှမ်းရိပ်​က လှုပ်​ရှားရင်​ အမြဲတမ်း မျက်​နှာဖုံးအနက်​ ဝတ်​စုံအနက်​ဝတ်​ပြီး လှုပ်​ရှားတတ်​တာ​ကြောင့်​ အတွင်းလူ​တွေကလွဲရင်​ လွှမ်းရိပ်​ကို ဘယ်​သူမှမသိကြဘူး

"​ဒေါက်​ ​ဒေါက်​"

ရုတ်​တရက်​ ထွက်​လာတဲ့ တံခါး​ခေါက်​သံ​ကြောင့်​ လွှမ်းရိပ်​အ​တွေးထဲက ရုန်းထွက်​ပြီး နာရီလှမ်းကြည့်​လိုက်​​တော့ ညရှစ်​နာရီထိုး​နေပြီ

"ကျွတ်​ honey​တော့ ဗိုက်​ဆာ​နေ​တော့မှာပဲ"

လွှမ်းရိပ်​ တံခါးဆွဲဖွင့်​လိုက်​​တော့ တံခါး​ရှေ့မှာ မျက်​နှာ​ငယ်​​လေးနဲ့ ရပ်​ကြည့်​​နေတဲ့ honey​လေး

"ရနံ့ ဗိုက်​အရမ်းဆာ​နေပြီ"

"Sorryပါ က​လေးရယ်​ ကိုယ်​ နည်းနည်းအ​တွေးလွန်​သွားလို့ လာ လာ သွားစားကြမယ်​​နော်​"

မျက်​နှာ​လေးရှုံတွ​နေတဲ့ပုံကြည့်​ရတာ ​တော်​​တော်​ ​လေးဗိုက်​ဆာ​နေသလိုပဲ လွှမ်းရိပ်​ကိုယ့်​ဘာသာ ကိုယ်​သာ အပြစ်​တင်​လိုက်​မိ​တော့တယ်

"ဘယ်​လိုဖြစ်​လို့မှား ​မေ့သွားရတယ်​မသိပါဘူး"

ထမင်းစားဝိုင်း​ရောက်​​တော့ အသင့်​ခူးထားတဲ့ ထမင်းပန်းကန်​​လေးကို မြင်​တာနဲ့ မျက်​လုံး​လေးက အ​ရောင်​​တောက်​လာ​တော့တယ်

"ထည့်​စား​နော်​ honey​လေး honey​လေးက ပင်​လယ်​စာကြိုက်​တယ်​မလား အများကြီးစား​နော်​"

"ဟုတ်​"

ခေါင်း​တောင်​မ​ဖော်​နိုင်​ပဲ ပါးစပ်​ပလုတ်​ပ​လောင်းနဲ့ စား​နေတဲ့ honey​ကြောင့်​ လွှမ်းရိပ်​ ပြုံးလိုက်​မိတယ်​ အရမ်းချစ်​ဖို့​ကောင်းတဲ့ honey​လေး

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now