Extra-2 (side couple)

12.4K 738 25
                                    

ရမ်​ ဒီ​နေ့ masterရဲ့အမိန့်​နဲ့ ukကဂိုဏ်းခွဲ​တွေသွားစစ်​​ဆေးပြီး မြန်​မာပြည်​ကို ပြန်​လာတဲ့​နေ့​လေ ခရီးကမထင်​မှတိပဲ တစ်​လ​လောက်​ကြာသွားတာမလို့ ဂျိန်းစ်​ကို​တော်​​တော်​​လေး သတိရ​နေမိတယ်​ masterနဲ့မ​တွေ့ခင်​ကတည်းက ရမ်​နဲ့ဂျိန်းစ်​ကအရင်​ ခင်​ခဲ့သူငယ်​ချင်း​တွေက​နေ သူ့ဖက်​က​နေ ဂျိန်းစ်​ ကိုစပြီးသ​ဘောကျခဲ့မိတာ ဂျိန်းစ်​ က​တော့နဂိုကတည်းက ​ပွေရှုပ်​တတ်​တဲ့လူစား​လေးဆို​တော့ ရမ်​ကတွဲမယ်​​ပြောတာနဲ့မငြင်းပဲချက်​ခြင်းလက်​ခံခဲ့တာ​လေ

ရမ်​နဲ့တွဲပြီး​နောက်​ပိုင်းလဲ ဂျိန်းစ်​ရဲ့​ပွေရှုပ်​မှု​တွေမရပ်​ခဲ့တာမလို့ ဂျိန်းစ်​ကို အပြစ်​​ပေးတဲ့နည်းနဲ့ ထိန်းချုပ်​ထားခဲ့ရတာ ဂျိန်းစ်​ရဲ့စိတ်​က နဂိုကတည်းက အချစ်​ဆိုတာကိုမယုံကြည်​တဲ့ လူမျိုးမလို့ ခုချိန်​ထိ ဂျိန်းစ်​နဲ့သူ့ရဲ့ဆက်​ဆံ​ရေးက ချစ်​သူဆိုတဲ့ အဆင့်​ကိုမ​ရောက်​ခဲ့တာ​လေ

ရမ်​က gangမှာ ဂျိန်းစ်​ထက်​ ရာထူးပိုကြီးသလို နှစ်​​ယောက်​သားကလည်း တိုက်​ခိုက်​ရင်း ကြီးပြင်းလာတာမလို့ နူးညံ့သိမ်​​မွေ့မှုဆိုတာ ရမ်​တို့နှစ်​​ယောက်​ကြားမှာ ရှာ​ဖွေလို့မရတဲ့အရာလို့​ပြောရမယ်​​လေ ပြီး​တော့ gangကို ရမ်​ကအရင်​​ရောက်​တာမလို့ ရမ်​က ဂျိန်းစ်​ရဲ့ စီနီယာလို့ ​ပြောလို့ရတယ်​​လေ

ခုလည်း ရမ်​ masterကလွဲရင်​ ပြန်​လာတာကို ဘယ်​သူ့ကိုမှအသိမ​ပေးထားတာ​ကြောင့်​အ​ပွေအရှုပ်​​ကောင်​​လေးကို ဘယ်​မှာသွားဖမ်း ရမလဲဆိုတာကြိုစဉ်းစား​နေရပြီ​လေ

"ဆရာ ရမ်​"

ရမ်​ ခြံ​ပေါက်​ဝမှာကားရပ်​လိုက်​တာနဲ့ ခြံ​ရှေ့မှာထားတဲ့သက်​​တော်​​စောင့်​အဖွဲ့ကို ဒဏ်​ရာ​တွေနဲ့​တွေ့လိုက်​ရ​တော့တယ်

"ဘာ​တွေဖြစ်​​နေတာလဲ"

"Masterတို့ကို G ဂိုဏ်းကရုတ်​တရက်​ဝင်​တိုက်​တာပါ"

"Masterတို့​ရော"

"အန္တရာယ်​ကင်းပါတယ်​ ကျွန်​​တော်​တို့ခြံထဲမှာတင်​ရှင်းပစ်​လိုက်​နိုင်​ပါတယ်​"

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now