အခန်း(41)

16.3K 1.1K 27
                                    

"ပါးပါး သူသူ​ကြောက်​ရယ်​"

ရနံ့တို့ကို အခန်းတခုထဲပို့ပြီး ပြန်​ထွက်​သွားကြတာနဲ့ သူသူ​လေးရဲ့အသံတိုးတိုး​လေးထွက်​လာ​တော့တယ်

"Daddyက ပါးပါးတို့ကိုခန​နေ လာ​ခေါ်​တော့မှာ သူသူ​လေးမ​ကြောက်​နဲ့​တော့​နော်​"

"ဟိုလူဆိုးကြီးကို daddyကရိုက်​မှာရား"

"ရိုက်​ပြစ်​မှာ​ပေါ့"

ရနံ့ သူသူ​လေးကို မ​ကြောက်​​အောင်​ စကား​တွေ​ပြော​ပေး​နေပင်​မယ့်​ ရနံ့လည်း​ကြောက်​​နေမိသလို ​ဒေါသလည်းထွက်​​နေမိတယ်

ရနံ့မိဘ​တွေကို ရက်​ရက်​စက်​စက်​သတ်​ခဲ့တဲ့လူ ရနံ့ ကိုမိဘမဲ့ဖြစ်​​အောင်​လုပ်​တဲ့သူ ရနံ့မိသားစုကိုခုထိဒုက္ခ​ပေးတဲ့သူကို ရနံ့အရမ်းကို ​ဒေါသ​တွေထွက်​​နေမိတယ်​ ပြီး​တော့ darlingအဖိုး ဘာလို့များ အဲ​လောက်​ထိလုပ်​ရပ်​ရတာလဲ ရနံ့နားမလည်​နိုင်​ဘူး ရနံ့ကိုလက်​မခံနိုင်​တာ နားလည်​​ပေးလို့ရပင်​မယ့်​ သမီး​လေးက သမီး​လေးက သူ့​သွေးသားပဲ​လေ

ရနံ့ သမီး​လေးအ​ကြောက်​​ပြေ​အောင်​ ​ကျော​လေးကိုပွတ်​​ပေး​နေလိုက်​​တော့ သမီး​လေးက မျက်​လုံး​လေး​တွေစင်းလာ​တော့တယ်

ဒိုင်း

ဒိုင်း

ဒိုင်း

အပြင်​ဖက်​မှာ​သေနတ်​သံ​တွေကြားလိုက်​ရတာ​ကြောင့်​ မျက်​လုံး​လေး​တွေစင်း​နေတဲ့ သူသူ​လေးက ရနံ့ကိုအတင်းဖက်​တက်​လာ​တော့တယ်

"ပါးပါး ​ကြောက်​ရယ်​"

"ပါးပါး"

"မ​ကြောက်​နဲ့ ပါးပါးရှိတယ်​​လေ"

"ပါးပါးရှိတယ်​​နော်​ သမီး​လေး"

လွှမ်းရိပ်​တို့ ကားက အချက်​ပြစက်​ကညွှန်​ပြတဲ့​နေကာ​ကောက်​ခါနီးတာနဲ့ ကား​တွေရပ်​လိုက်​ပြီး ကား​ပေါ်က​နေ ဖြည်းဖြည်းချင်းဆင်းလာလိုက်​​တော့တယ်​ နဖူး​ပေါ်မှာ အထူးညကြည့်​မှန်​​ပြောင်း​တွေတပ်​ထားပြီး လက်​ထဲမှာ ​သေနတ်​ကို အသင့် ကိုင်​ထားလိုက်​​တော့တယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now