အခန်း ၁၁

4.9K 480 22
                                    

မျက်ဝန်းညိုညိုတွေဟာ ရူးလောက်တဲ့အထိကို သိပ်လှတဲ့ ဆွဲဆောင်ချက်ပဲ ။ မငြိမ်မသပ်မျက်ဝန်းအိမ်တွေကို အပြန်အလှန် ငေးကြည့်နေခဲ့ကြသည်မှာလည်း ရင်ဖိုစရာကောင်းလွန်း၏ ။ မျက်စံညိုညိုတွေအပေါ်မှ မျက်ကြည်လွှာဟာလည်း အရောင်တောက်လို့ နီညိုရောင် ညနေခင်းရဲ့ နေဝင်ချိန်ပင်လယ်ပြင်သကဲ့သို့ ကဗျာဆန်နေပေသည် ။

ခါးသွယ်သွယ်လေးအား အသာဆုပ်ကိုင်ထားတဲ့ လက်ကလေးရှိ လက်ချောင်းထိပ်လေးများမှာလည်း မငြိမ်မသပ်နဲ့ လှုပ်ရွရွလေး ဖြစ်နေရှာသည် ။ နှုတ်ခမ်းလေးကိုသာ ပိတ်လိုက်ဖွင့်လိုက်လုပ်ရင်း ကိုမြင့်မောင်လို ရင်ခွင်ကိုပိုင်ဆိုင်ထားသော ညိုလေးရင်ခွင်ထဲမှ မမမြိုင် ရှုန်းမထွက်နိုင်ဖြစ်နေရပါသည် ။

" အသက်ကြီးလာလို့လား မမမြိုင် ။ ခြေထောက်တွေ ခဏခဏယိုင်တယ်နော် ။ "

" ဘုရား ။ မင်းက အနောက်ကနေ တောက်တဲ့လို ကပ်လာလို့ပါနော် ။ စကားကိုကြည့်ပြော သူငယ်မ ။ "

ဟု ပြောပြီး ညိုလေးရဲ့ နှဖူးတည့်တည့်အား လက်ညှိုးလေးနဲ့ ထောက်လို့တွန်းလိုက်ပါတော့သည် ။ လက်ညှိုးထိပ်နဲ့နှဖူးပြင် ထိတွေ့ခြင်းမှာ ဆောင်းဦးရာသီလေးရဲ့ နွေးထွေးမှုအသီးအပွင့်လေး ဖူးပွင့်လာသလို မမမြိုင်နဲ့ညိုလေးတို့ရင်ထဲမယ် အမည်မသိနိုင်သော တံခါးလေးတစ်ချပ် ပွင့်သွားမိတော့သည် ။ အမုန်းတွေမရှိတော့တဲ့ တံခါးချပ်လည်း ဖြစ်နိုင်တာပါပဲ ။

မျက်ဝန်းလေး မှိတ်စဉ်းသွားတဲ့ ညိုလေးရဲ့အပြုအမူကို မမမြိုင် ငေးမောမိနေသည် ။ တစ်စစီကျိုးပဲ့နေရှာတဲ့ အသည်းနှလုံးရဲ့ ဒါဏ်ရာတွေဟာ မှေးမှိန်သွားသလို အက်ကွဲရာများသည်လည်း တစ်ဖြည်းဖြည်းချင်း ဆက်သွားသည်ဟု မမမြိုင် ခံစားရနေသည် ။

ညိုလေးသည်လည်း ရင်ခွင်ထဲက မမမြိုင်အား လက်လွှတ်ပေးမိတော့သည် ။ ရင်ထဲမှ ဟာတာတာကြီးဖြစ်လာပြီး မေမြို့ရဲ့ ချမ်းအေးမှုကို တစ်ပြိုင်နက်ထဲ ခံစားရပေတော့သည် ။

မမမြိုင်ဟာ ရင်ခွင်ထဲက ထွက်သွားမိသည်နှင့် ဆံပင်လေးကို အသာသပ်လို့ ညိုလေးမသိနိုင်သောရှက်သွေးဖြာမှုတွေကို ဖုံးကွယ်လို့ စကားပြောတော့သည် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now