Part 1

3.8K 149 29
                                    

၅နှစ်အကြာခွဲခွာသွားပြီးသားမြေကို ပြန်အခြေချရတော့မယ်ဆိုတဲ့ အတွေးက တကယ်တော့ တော်တော်လေး စိမ်းသက်သက်နိုင်သွားတယ်လို့ခံစားရစေတယ်။
သူထွက်ခွာသွားတဲ့အချိန်တုန်းက လေဆိပ်ကို လိုက်ပို့မဲ့ တစ်စုံတစ်ယောက်တောင်မရှိနေခဲ့တာမို့ ပြန်လာတာကိုလဲ လာကြိုမဲ့သူရယ်လို့ မျှော်လင့်မထားပါဘူး ဘယ်ချိန်ပြန်လာလာ စောင့်နေမဲ့သူကိုတော့ တမင်မပြောဘဲနဲ့ အ့ံသြစေရန် တိတ်တိတ်လေးပြန်လာတာမို့။

လေယာဥ်ရဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တာနဲ့ မြင်နေရတဲ့ အဆုံးမရှိ တိမ်ပင်လယ်ကြီးကို ငေးကြည့်ရင်း ခေါင်းထဲမှာလဲ အတွေးတွေအပြည့်နဲ့ပင်။

" Excuse me sir... You want some drink? "

" Yes, Can I have a water "

လေယာဥ်မယ်ပေးလာတဲ့ ရေဘူးကို ဖွင့်ကာ မော့သောက်လိုက်ပြီး သက်ပျင်းလဲတစ်ချက်ချလိုက်တာ ထပ်ပြုံးမိပြန်သည် သူပြန်ရောက်တာကို တွေ့ရင် ထိုလူဖြစ်သွားမဲ့ပုံကို မှန်းစကြည့်ရင်း ပျော်ရွှင်နေရတာတော့ အမှန်ပင်။

လေယာဥ်ပေါ်မှာ ရှိနေစဥ်တစ်လျှောက်လုံး တကယ်ရင်ခုန်နေမိတာတောအမှန်ပင် တစ်စုံတစ်ယောက်နဲ့ ပြန်တွေ့ရတော့မယ်ဆိုတဲ့ အတွေးကလဲ လူကိုရူးမတက်ပျော်ရစေတယ်။

လေဆိပ်မှထွက်လိုက်တာနဲ့ အေးစက်စက်လေညှင်းက မျက်နှာကို လာရိုက်ခက်လို့ရယ် ...။ ဝတ်ထားတဲ့ အဖြူရောင်ရှုပ် အကျီ်လေးက လူကို မနွေးထွေးနေတာတော့ အမှန်ပင်။
ဒါပေမဲ့လဲ ဂရုမစိုက်စွာနဲ့...။

" ထပ်ပြီးရှောင်မပြေးတော့ဘူး ငါမင်းဆီလာပြီ "

အသက်ဝဝ တစ်ချက် ရှူရှိုက်လိုက်ပြီး မျက်နှာမှာ အပြုံးပန်းဆင်ကာ Texi ငှားပြီး သူ့ရဲ့ အိမ်ရှိရာဆီသို့။

သူမရှိတဲ့ ငါးနှစ်တောအတွင်း လမ်းတွေ အဆောက်ဦးတွေတော်တော်များများကလဲ ပြောင်းလဲသွားလိုက်တာဆိုတာ သူတောင် မမှတ်မိနိုင်လောက်အောင်ကိုပင်။
ကားရဲ့ ပြတင်းပေါက်ကနေ အပြင်ကို တစ်လျှောက်လုံးငေးမဆုံးသည်အထိပင် စိတ်ထဲမှာလဲ အရာရာက တော်တော်ပြောင်းလဲနေပြီဘဲ ဟု တေ​ွးလျက်။

Last GoodBye // TK//Where stories live. Discover now