Part 21

846 71 13
                                    

( အတွေးနွ့ံထဲမှာ နစ်မြုတ်နေခဲ့ပြီ)

" အဖေ...မတွေ့တာတောင်ကြာပြီနော်... "

ထယ်ယောင်း၏ ဖခင်ဖြစ်သူသည် စကားတစ်ခွန်းမျှပင်မပြောဘဲ ထယ်ယောင်းရှေ့ကိုလျှောက်လာကာ ထယ်ယောင်းရဲ့ ညာဘက်ပါးအား လက်ဝါးဖြင့်ရိုက်ချလိုက်သည်။
ရိုက်လိုက်တဲ့အရှိန်ကြောင့် ထယ်ယောင်း နောက်သို့ ခြေတစ်လှမ်းဆုတ်သွားရပြီး အရိုက်ခံရတဲ့ပါးကား လက်ဖြင့်အုပ်ကိုင်ကာ ခေါင်းငုံ့လိုက်ရင်း။

" မင်းအခြောက်လား "

ကြောက်စရာကောင်းလွန်းတဲ့ အငွေ့သက်တွေကြားက သူ့အဖေရဲ့ ထင်သေးလွန်းပြီး သူ့ကို နိမ့်ကျတဲ့လူလို ကြည့်နေတဲ့အကြည့်တွေ တကယ်ကိုဘဲ ...။

" မဟုတ်ဘူး "

" ဒါဆို ယောကျာ်းတစ်ယောက်နဲ့ ပျော်​မြူးနေတာကကော "

" ကျွန်တော် သူ့ကိုချစ်တယ် "

တွန့်ဆုတ်မှုမရှိဘဲ ပြန်ဖြေတယ်ဆိုထဲက ကျွန်တော်ရဲ့စိတ်မှာ ဂျောင်ဂုကို ဘယ်လောက်ချစ်မှန်းသိသာသည်။
ဘယ်လောက်များ စကားလုံးနာနာတွေနဲ့ ထိုးနက်ချင်သေးလဲ။

" ကင်မ်ထယ်ယောင်း ! အဲ့ဒီကောင်က မိန်းမယူတော့မှာ မင်းသူများအပိုင်ကို လုဖို့လုပ်နေတာလား အဲ့လောက်တောင် ငါနဲ့ မင်းအမေက မသွန်သင်မိခဲ့တာလား "

သူ့အဖေရဲ့နှုတ်ကထွက်လာတဲ့ထိုစကားကြောင့် ခေါင်းငုံထားရာမှ မော့ကြည့်လိုက်ရင်း။

"ဟုတ်တယ်..."

"ဘာ...! မင်းအသုံးမကျတဲ့ကောင် ယောကျာ်းလေးတစ်ယောက်ကိုများ ကြိုက်ရတယ်လို့ကွာ "

နာကျင်စွာစိုက်ကြည့်ရင်း မျက်ဝန်းများကလဲ လိမ်ညာနိုင်စွမ်းမရှိ မျက်ရည်များကျလာကာ စိတ်မှလဲ လွန်ခဲ့တဲ့ သူဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေကိုပြန်လည်မြင်ရောင်လာရင်း။

" တစ်ခေါက်လောက်တော့ ကျွန်တော့အပေါ်ကို နွေးထွေးပေးပါအုံးလား အပြစ်တွေမပြောဘဲ "

အသံတွေကိုထိန်းချုပ်ထားပေမဲ့ ကွဲအက်လာတဲ့အခါ နှုတ်ခမ်းဝမှနေထွက်ကျလာခဲ့ပြီ ဒီထက်ပိုပြီး မထိန်းချုပ်နိုင်တော့ဘူး။

Last GoodBye // TK//Donde viven las historias. Descúbrelo ahora