Part 12

823 69 11
                                    

( အောင်မြင်ရတဲ့နေ့ဖြစ်ဖြစ် ကျရှုံးရတဲ့နေ့ဖြစ်ဖြစ် မင်းနဲ့သာဆို)

" ထယ်ယောင်း မင်းလေ့ကျင့်ရေးကွင်းမနေဘဲ ဘာလို့ ဒီလာပြန်တာလဲ "

ဂျောင်ဂု လက်ထဲမှ ဘက်စကပ်ဘောလုံးအား သူ့ရှေ့မှာရှိနေတဲ့ တစ်ယောက်ကို ပစ်ပေးလိုက်ပြီး ကွင်းထဲကို ဟိုကြည့် ဒီကြည့်နဲ့ ဝင်လာတဲ့ ထယ်ယောင်းအနားကိုပြေးသွားရင်း လှမ်းပြောလိုက်သည်။

" အပြေးလေ့ကျင့်တာက ပြီးသွားပြီမို့ ဂျောင်ဂုကိုလာကြည့်တာ "

ထယ်ယောင်းသူ့လက်ထဲက ယူလာတဲ့ kombucha lemon teaဘူးလေးကို ဂျောင်ဂုအတွက်ဖွင့်ကာပေးလိုက်ပြီး ဆူပုတ်ပုတ်လေးနဲ့ပြောလိုက်တော့။

" အညိုရောင်လေးမှန်မှန်ပြော ငါ့ကို သတိရလို့မလား "

ဂျောင်ဂု ထယ်ယောင်းရဲ့ ဆံပင်လုံးလုံးလေးကို ကိုင်ပြီး ခေါင်းငုံကာပြောလို်က်ကာ စလိုက်တာဖြစ်ပေမဲ့ ထယ်ယောင်းက ။

" အွန်း... "

ထယ်ယောင်းက ပြောပြီးတာနဲ့ ခုံတစ်ခုံမှာသွားထိုင်ကာ ဖုန်းသုံးနေပင်မဲ့ ဂျောင်ဂုကတော့ အဲ့နေရာကနေမလှုပ်နိုင်တော့ဘဲ ရပ်တန့်နေသည်။

" ဟျောင့် ဂျောင်ဂု "

သူ့အနောက်ကကြားလိုက်ရတဲ့အသံနဲ့အတူ ဂေါင် ခနဲ ခေါင်းကိုလာထိတဲ့ ဘောလုံးကြောင့် ဂျောင်ဂုလှည့်ကြည့်လိုက်ပြီး။

" ဘာဖြစ်နေတာလဲ လာပြီ ဟ! "

" မင်း အခွက်ကြီးက ဘာလိုနီရဲနေတာလဲ "

" နီချင်လို့နီတာပေါ့ မင်းသောက်လုပ်လား လာ! "

ဂျောင်ဂု သူ့ရဲ့ သူငယ်ချင်းဖြစ်သူအား ပြာပြာယာယာနဲ့ လှိမ့်ဆဲပြီးနောက် ကွင်းထဲပြန်ပြေးဝင်ကာ လေ့ကျင့်ချင်းကိုဘဲ အားစိုက်ပြီး လုပ်တော့သည်။
ဂျောင်ဂုက တစ်ခါမှ ကျောင်းအားကစားပြိုင်ပွဲဆို ဝင်ပြိုင်လေ့မရှိပေမဲ့ အားကစားမှာတော့ အရမ်းတော်သည်။
ဒီနှစ်က ကျောင်း အားကစားပြိုင်ပွဲကို ဝင်ပြိုင်တာ ပထမဆုံးပင်။

ထယ်ယောင်းဖုန်းသုံးနေရင်းမှ ကောင်မလေးအချို့ရဲ့အသံကြားတာမို့ မော့ကာကြည့်လိုက်တော့ အထက်တန်းတတိယနှစ်က စီနီယာတွေရောက်လာကြတာပင်။
ကြည့်ရတဲ့ပုံအရ သူတို့လဲ လေ့ကျင့်မလို့ထင်သည်။

Last GoodBye // TK//Where stories live. Discover now