Part 7

876 70 8
                                    

(အတူရှိနေတဲ့အချိန်တိုင်း ပျော်ရွှင်ချင်းကို ခံစားမိတယ်)

ပြီးခဲ့တဲ့ရက်တွေထဲက အလုပ်လေးနည်းနည်း ရှုပ်နေတာကြောင့် ဂျောင်ဂုနဲ့ မတွေ့ဖြစ်သလို အိမ်ထဲက အိမ်ပြင်တောင် မထွက်ဖြစ်ဘဲ တစ်ချိန်ကုန် အိမ်ထဲမှာဘဲ အလုပ်ရှုပ်နေရသည်။
အလုပ်တွေက မလုပ်ဘဲ ပစ်ထားသေးလို့ရပေမဲ့ များလာတဲ့အခါကြရင် ပိုဆိုးမှာစိုးလို့သာ ။
Laptopတစ်လုံးနဲ့ လုပ်စရာရှိတဲ့ အလုပ်တွေကို လက်စသက်ပြီးတဲ့နောက် ဗိုက်ဆာလာတာကြောင်​့ မီးဖိုချောင်ထဲဝင်ပြီး ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အချိန် ဟာလာဟင်းလင်းဖြစ်နေပြီပင်။

" ဟွန်း... ကြက်ဥဘဲ ပြုတ်စားလိုက်ရမလား ဒီနေ့တော့ "

Introvert ပြီပြီ အပြင်ထွက်ပြီးစားရအောင်လဲ တစ်ယောက်ထဲ ဖြစ်နေတာကြောင့် မထွက်ချင်ဘူးပင်။
ဒါပေမဲ့ ခေါင်းထဲကို တစ်စုံတစ်ယောက် ရောက်လာတာကြောင့် ရေခဲသေတ္တာကို ဖွင့်နေရင်းမှ ဝုန်း ခနဲ မြည်အောင် ပိတ်ထားခဲ့လိုက်ပြီး အခန်းထဲပြေးဝင်ကာ ကုတင်ပေါ်တင်ထားတဲ့ ဖုန်းကိုယူလိုက်ပြီး။

" ဖုန်းကိုင်ပါ...ဖုန်းကိုင်ပါ..."

တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေပြီး ခြေထောက်ကလေးများကိုလဲ အငြိမ်မနေဘဲ လှုပ်နေပြီး ပါးစပ်ကလဲ တတွတ်တွတ် ရွတ်နေသေးသည်။

" Hello... "

" ဂျောင်ဂု..."

" အညိုရောင်လေး ပြော..."

" နေ့လည်စာစားပြီးပြီလား "

" မစားရသေးဘူး ဘာဖြစ်လို့လဲ "

" ဒါဆို အားလား ငါနဲ့အတူတူစားရအောင် "

" ခဏနေ မီတင်တော့ရှိတယ်... ဒီလိုလုပ်လေ အညိုရောင်လေး ငါ့ရုံးကိုလာခဲ့ ပြီးမှ အတူတူတစ်ခုခုသွားစားတာပေါ့ "

ထယ်ယောင်းလဲ ဖုန်းကိုင်လျက်နဲ့ဘဲ ခဏစဥ်းစားလိုက်ပြီးနောက် ။

" အွန်း... ဒါဆို ဂျောင်ဂု လိပ်စာပို့ပေးလိုက် "

" ကောင်းပါပြီဗျာ...ခဏနေတွေ့မယ်နော် အညိုရောင်လေး "

Last GoodBye // TK//Donde viven las historias. Descúbrelo ahora