Part 22

822 70 14
                                    

( နှလုံးသားချင်းနီးစပ်သ၍ ဘယ်တော့မှ ဝေးကွာသွားမှာမဟုတ်ပါဘူး)

အချစ်ရဲ့အကြောင်းတွေကို ကျွန်တော်အများကြီး နားမလည်ခဲ့ပါဘူး ဒါပေမဲ့ သူ့ကို ဘယ်လိုချစ်သင့်လဲဆိုတာတော့ အချိန်ပေးပြီး စဥ်းစားလိုက်တဲ့အခါ ကျွန်တော် နားလည်ခဲ့တယ်။

" မောနီးပါ ကိုယ့်ရဲ့ အညိုရောင်လေးရေ... "

" မောနီး ဂျောင်ဂု "

လူက အိပ်ယာထဲကနေ ခေါင်းမထောင်နိုင်သေးပင်မဲ့ မနက်ခင်းဆို ဖုန်းဆက်နိုးတက်နေပြီဖြစ်တဲ့​ ဂျောင်ဂုကြောင့် ဖုန်းအား နားပေါ်တင်ကာ လူကတော့ ပြန်အိပ်လျက်။

" အိပ်ပုတ်လေးရေ ထတော့ ပြောတော့ အလုပ်ရှိတယ်ဆို "

" အွန်း...မထချင်ဘူး "

"လိမ္မာပါတယ် ကိုယ့်အညိုရောင်လေးကလဲ "

ဆယ်မိနစ်လောက် မနားမနေချော့နိုးပြီးတဲ့နောက် ထယ်ယောင်းလဲ ထကာထိုင်တော့သည်။

" မနက်စာသေချာစားနော် ကိုယ် ရုံးသွားပြီ "

" အွန်း...ဂရုစိုက်ကားမောင်းတာ "

" ကောင်းပါပြီ ဗျ... ချစ်တယ် အညိုရောင်လေး "

"ပို ချစ်တယ် "

ဖုန်းမှ ဖြတ်သန်းလာတဲ့ ဂျောင်ဂုရဲ့ ပျော်ရွှင်နေတဲ့ ရယ်သံကိုနားထောင်ရင်း ထယ်ယောင်းလဲ လိုက်ပြုံးမိသည်။ ချစ်ရသူကြောင့် ကြည်လင်သွားပြီဖြစ်တဲ့ စိတ်လေးကြောင့် တစ်နေ့တာကို စရန်အသင့်ပင်။
ဒီနေ့က အနည်းငယ်ပင်ပန်းနိုင်လောက်သည် အဘယ့်ကြောင့်ဆို ကိစ္စတော်တော်များများကို လုပ်ရန်ဆုံးဖြတ်လိုက်သည်ကြောင့်ပင်။

ရေချိုး အပြင်ထွက်ဖို့ ပြင်ဆင်ပြီးတာနဲ့ laptopကို အိတ်ထဲထည့်ကာ ထွက်ခွာခဲ့သည်။

မနက်စာသိပ်ပြီးမစားချင်တာကြောင့် ဂျောင်ဂုပို့ပေးထားတဲ့ strawberry milk လေးကိုဘဲ သောက်လျက် ကားငှားလိုက်သည်။
ထို့နောက် အလုပ်ကြောင့် တွေ့ရမဲ့ စီနီယာတစ်ယောက်ဆီကို ထွက်ခဲ့သည်။

ထိုစီနီယာနဲ့က ပထမဆုံးအကြိမ်တွေ့ရမှာဖြစ်တာကြောင့် ကိုယ့်ဘက်ကအရင်ကြိုပြီးရောက်အောင် စောစောထွက်ခဲ့တာမို့ cafe ကိုရောက်တဲ့အခါ သူတစ်ယောက်ထဲဖြစ်နေသည်။
Laptopထုတ်ရင်း အလုပ်ကိစ္စလေးကို ပြန်စစ်ရင်း စောင့်နေတုန်း ဘေးမှနေ။

Last GoodBye // TK//Tempat cerita menjadi hidup. Temukan sekarang