Part 8

876 61 4
                                    

( အမြဲ နွေးထွေးတဲ့အပြုံးတွေဘဲ ပေးတက် မင်း)

" Hello guys taehyung V vlogမှ ပြန်လည်ကြိုဆိုပါတယ် အခု ကျွန်တော်က ကျောင်းသွားတော့မှာမို့ school bus ​စောင့်နေတာပါ "

ကားမှတ်တိုင်မှာ ဖုန်း​လေးကိုင်ရင်း ရီမောကာစကားပြောနေတဲ့ အညိုရောင်နွေးထည်လေးနဲ့ ထယ်ယောင်းက အရမ်းချစ်စရာကောင်းနေတယ်ဆိုတာတော့ ကို့ကိုယ်ကိုတောင် သိမယ်မထင်။

" အော...school bus လာပြီ "

ကားပေါ်တက်လိုက်တာနဲ့ ငါးယောက်လောက်ဘဲရှိသေးတဲ့ ကျောင်းသားကျောင်းသူ အချို့ နောက်ဆုံးခုံတန်းရဲ့ အရှေ့တစ်ခုဖြစ်တဲ့ သူထိုင်နေကြနေရာမှာဝင်ထိုင်လိုက်ပြီး ဖုန်းနဲ့တစ်ဖန်။

" ခန့်မှန်းကြည့်ကြပါလား ကျွန်တော့ဘေးကို မကြာခင် ဘယ်သူထိုင်မလဲဆိုတာ "

ပြောပြီး တစ်ခစ်ခစ်နဲ့ရီလိုက်ပြီး ပြတင်းပေါက်ကနေ အပြင်ကို တစ်ချက်ရိုက်လိုက်ပြီး ငါးမိနစ်လောက်ကြာတဲ့အခါမှာတော့ ကားပေါ်တက်လာတဲ့ ဂျောင်ဂု ။
မပြောင်းလဲတန်း အပြာရင့်ရောင် ကျောင်းသားကုတ်နဲ့ ခပ်အုပ်အုပ်ဆံပင်ကိုချထားပြီး headphone ကိုလည်ပင်းမှာချိတ်ထားလျက် လွယ်အိတ်ကိုတစ်ဖက်ထဲလွယ်ကာ သူ့နားလာထိုင်တဲ့ ဂျောင်ဂု။

" အားလုံးမှန်း ခန့်မှန်းထားကြသလို ဂျွန် ဂျောင်ဂုဘဲ ဖြစ်ပါတယ်... "

" morning အညိုရောင်လေး "

ပြောလဲပြော ဖုန်းနဲ့ videoရိုက်နေတဲ့ သူ့ရဲ့ခေါင်းကို လက်နဲ့ ပုတ်တဲ့ဂျောင်ဂုကြောင့် ကျောပေးပြီး videoရိုက်နေရာမှ လှည့်လိုက်ပြီး။

" morning ဂျောင်ဂု "

" မေမေ မနက်စာထည့်ပေးလိုက်တယ် ကျောင်းရောက်မှစားတော့ strawberry milk အရင်သောက်ထားလိုက် "

ပြောလဲပြော သူ့လက်ထဲရောက်လာတဲ့ strawberry milkကြောင့် မျက်လုံးများမှိတ်သွားသည်အထိ ရီပြလိုက်ပြီး ဘူးကိုချက်ချင်းဖွင့်ကာသောက်လိုက်သည်။
ကျောင်းပိတ်ရက်တွေမှလွဲလို့ ကျန်တဲ့ကျောင်းတက်တဲ့ရက်တိုင်း သူ့ရဲ့မနက်စာကို ဂျောင်ဂုမေမေကထည့်ပေးတက်သလို မဟုတ်ရင်လဲ ဂျောင်ဂုနဲ့ တစ်ခုခုစားနေကြပင်။

Last GoodBye // TK//حيث تعيش القصص. اكتشف الآن