Part 6

950 60 8
                                    

( အတိတ်က ငါ့ရဲ့ဘေးမှာ အမြဲမင်းရှိတယ် )

" ရာသီဥတုကလည်း မမှန်လိုက်တာ ဂျောင်ဂုဆီလာရတာပင်ပန်းတယ် လမ်းလျှောက်ရတာလဲ ညောင်းတယ် "

ဂျောင်ဂု တစ်ယောင်း ကျောင်းပိတ်ရက်မို့ ကုတင်ပေါ်ပက်လက်လှန်ကာ ဖုန်းသုံးနေတုန်း အခန်းတံခါးဖွင့်ပြီးရောက်လာတဲ့ ထယ်ယောင်းကြောင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး ဟက် ခနဲ ရီလိုက်ကာ။

" ငြီးတွားလိုက်တာ အညိုရောင်လေးရယ် "

" ဒီလောက်ပူနေတာ ရေခဲချောင်းတောင် စားချင်သွားတယ် "

ဆိုဖာပေါ်ဝင်ထိုင်ပြီး လက်တစ်ဖျက်ဖျက်ခပ်ကာ ပါးစပ်မှလဲ တစ်ခုပြီးတစ်ခုပြောနေတဲ့ ထယ်ယောင်းလေးပါရယ်။

နောက်ပိုင်း ကျောင်းပိတ်ရက်တွေဆို်ရင် ထယ်ယောင်းက သူ့အိမ်ကို အမြဲလာတက်ပြီး တစ်နေကုန်နေပြီးမှ ပြန်နေကြမို့ အထူးအဆန်းတော့သိပ်ဖြစ်မနေတော့ပါ။

ထယ်ယောင်းရဲ့ ပေါက်ပေါက်ဖောက်ကာ တောင်ရောက်လိုက် မြှောက်ရောက်လိုက်စကားတွေကို ဖုန်းသုံးနေရာမှ တစ်ခွန်းမကျန် ပြန်ပြောပေးပြီး နားထောင်နေတဲ့ ဂျောင်ဂု။

" ဂျောင်ဂု ငါလေ မနေ့က youtube သုံးရင်း vlogတွေတွေ့တာ vlogရိုက်ရတာ တကယ်ပျော်စရာကောင်းမဲ့ပုံ "

ကုတင်ပေါ်မှာ ပက်လက်လှန်ကာ ဖုန်းသုံးနေတဲ့ ဂျောင်ဂုက သူ့ခြေရင်းက ဆိုဖာမှာထိုင်နေတဲ့ ထယ်ယောင်းဘက်ကိုလှည့်ကြည့်လိုက်ပြီး။

" ထယ် က vlogတွေ ရိုက်ချင်လို့လား "

" အင်း...လုပ်ကြည့်ချင်တယ် ဒါပေမဲ့ View နည်းရင် ဘယ်လိုလုပ်မလဲ "

ဂျောင်ဂု ဖုန်းကိုပိတ်လိုက်ပြီး ဝမ်းလျားမှောက်လိုက်ပြီး မေးထောက်ကာ ထယ်ယောင်းကို သေချာကြည့်လိုက်ပြီး။

" လုပ်ချင်စိတ်ရှိရင် ဘာမဆိုဖြစ်နိုင်ပါတယ် အစဆိုတာတော့ လူအတိုင်းအတွက် ခက်ခဲမှာဘဲ "

ထယ်ယောင်းလဲ သေချာစဥ်းစားလိုက်ပြီးနောက် ဂျောင်ဂုကိုကြည့်ကာ ။

" လုပ်ကြည့်ရမလား "

" သေချာပေါက်လုပ်ကြည့်သင့်တာပေါ့ "

Last GoodBye // TK//Место, где живут истории. Откройте их для себя