Part 14

810 68 5
                                    

( ငြိမ်းချမ်းခြင်းဆို မင်းပုခုံးပေါ် ခေါင်းမှီအိပ်ချိန်လေးပင်)

School Bus ပေါ်ကဆင်းတာနဲ့ အသည်းအသန် ကျောင်းဝန်းထဲကို ဂျွန်ဂျောင်ဂုတို့ တစ်စုံတစ်ယောက်နဲ့ ရန်ဖြစ်တော့မတက် ဟန်နဲ့ ပြေးလွှားကာသွားနေပြီး အတန်းထဲလဲ ဖုန်းဒိုင်းအုန်းဂွမ်းနဲ့ ဝင်သွားပြီး ပတ်ပတ်လည်လှည့်ကြည့်ကာ သူရှာနေတဲ့ တစ်စုံတစ်ယောက်ကို မတွေ့တော့မှ အတန်းခေါင်းဆောင်ခုံဆီကို သွားလျှောက်သွားကာ။

" အတန်းခေါင်းဆောင် ငါ့ အညိုရောင်လေးကို တွေ့မိလား!!! "

စာထိုင်နေရေးနေတဲ့ အတန်းခေါင်းဆောင်ရဲ့အနား ဂျောင်ဂု ကျော်ခွကာ သွားပြီး စားပွဲခုံအား ဖုန်းခနဲ ရိုက်ချလိုက်တာကြောင့် အတန်းခေါင်းဆောင်မှာ လန့်ဖြတ်လျက်။

" လန့်လိုက်တာ ဂျောင်ဂုရာ... မင်း အညိုရောင်လေး ခုဏက ခေါင်မိုးထပ် တက်သွားတာ တွေ့လိုက်တယ် "

ထိုသို့ပြန်ဖြေလိုက်တော့ ချက်ချင်းမျက်နှာက မှိုရသလို ဖြစ်သွားပြီး။

" အေး...ကျေးဇူး "

ဟုဆိုကာ လှစ်ခနဲ အရှေ့ကနေ ပြန်ပျောက်သွားပြန်သည်။

အတန်းခေါင်းဆောင်အနားကို ရောက်လာတုန်းကလိုဘဲ ပြန်ထွက်သွားတော့လဲ ဖုန်းဒိုင်း နဲ့ပင်။
အတန်းခေါင်းဆောင်မှာတော့ လက်ထဲ ဘောပင်လေးကိုင်ထားလျက်ဘဲ ကြောင်စိစိလေး ကြည့်နေရုံသာ တက်နိုင်တော့သည်။

ကျောင်းခေါင်မိုးထပ်ပေါ်ကို လမ်းမှာတွေ့သမျှလူကို ဝင်တိုက်ရင်း ပြေးလွှားနေသည်။
ဘာအရေးကြီးလို့လဲဆိုရင် အညိုရောင်လေးနဲ့မတွေ့ရတာ နှစ်ရက်ကြီးများတောင်ရ​ှိနေပြီမို့ သူမနေနိုင်တော့ပါ အဲ့မျက်နှာလေးကို မြင်ရဖို့။

ကျောင်းခေါင်မိုးထပ်ရောက်သွားတော့ သူမြင်လိုက်ရတာ ခုံတန်းပေါ်မှာ လှဲအိပ်နေတဲ့ ဝက်ဝံညိုပေါက်လေးပင်။

" ဒီကောင်လေးကတော့ ဆောင်းဝင်နေပြီကို ဖျားတော့မှာဘဲ... "

ပါးစပ်မှ တိုးတိုးလေး ရေရွတ်လိုက်ပြီး ဝတ်ထားတဲ့ အပေါ်ကုတ်ကိုချွတ်လျက် အညိုရောင်ပေါက်လေးနားကိုလျှောက်သွားလိုက်ပြီး ရင်ဘက်လေးပေါ်ကို ခြုံပေးလိုက်သည်။

Last GoodBye // TK//Where stories live. Discover now