Part 18

856 68 13
                                    

( လူတစ်ယောက် က လူတစ်ယောက်ကို အရင် ချစ်နေခဲ့တယ်)

နေ့ရက်တိုင်းဟာ ပျင်းရိဖွယ်ရှိနေခဲ့ပေမဲ့ အညိုရောင်ကောင်လေးတစ်ယောက်ကို တွေ့ခဲ့ပြီးနောက်ပိုင်း လုံးဝပြောင်းလဲခဲ့တယ်။

ပထမဆုံးစတွေ့ခဲ့တဲ့အချိန်က ကျွန်တော်ပြောင်းခဲ့တဲ့ကျောင်းကို ပထမဆုံးတက်ရမဲ့နေ့ပါ ဒါပေမဲ့ ကျွန်တော်နောက်ကျနေခဲ့တယ်လေ အဲ့ဒါကြောင့် အသည်းအသန်ပြေးသွားနေပင်မဲ့ ကျောင်းလှေကားကိုပြေးတက်ချိန်မှာ စာအုပ်တွေ မနိုင်မနင်းနဲ့ သယ်လာတဲ့ ကောင်လေးတစ်ယောက်ကို ဝင်တိုက်မိခဲ့တယ်။

ထိုကောင်လေးက အညိုရောင် အနွေးထည်လေးဝတ်ထားပြီး သူ့ကို မော့ကြည့်နေတဲ့ ခပ်ရှုပ်ရှုပ်ဆံပင်တွေကြားက မျက်ဝန်းတစ်စုံက အရမ်းကိုကြည့်ကောင်းလွန်းလို့ အနည်းငယ်ပင် ငေးကြည့်မိသည်။
ပုံမှန်စကားပြောတဲ့သူတွေထက် ထိုကောင်လေးရဲ့အသံကတိုးလွန်းတာမို့လဲ မနည်းပင် အာရုံစိုက်ကာနားထောင်ပေးရသေးသည်။

ကျွန်တော်လဲ မထင်ခဲ့မိဘူး ထိုအညိုရောင်လေးနဲ့ အခန်းတူခဲ့လိမ့်မယ်လို့။
ကျွန်တော့ဘဝရဲ့ ပထမဆုံး အကြိမ်အနေနဲ့ ထယ်ယောင်းကို " အညိုရောင်​လေး" ဟု ခေါ်ဆိုချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ထယ်ယောင်းရဲ့မျက်နှာလေးကို အမြဲမှတ်မိနေသည်။

သူ့ရဲ့အညိုရောင်လေးက လူများတာကို မ​ကြိုက်တာထက် သူ့ကိုယ်သူ လူများကြီးကြားထဲမှာနေရမှာကို အခက်တွေ့နေသည်ဟု ပြောလာချိန်မှာ သူ ဒီပေါက်စလေးအတွက် အားအင်ဖြစ်ပေးရမယ်လို့ ကိုယ့်ကိုကိုယ်ဆုံးဖြတ်ချက်ချခဲ့တယ်။

အိမ်ထမင်းအိမ်ဟင်း အရမ်းကြိုက်ပေမဲ့ သူ့အတွက်ချက်ပေမဲ့သူမရှိတော့လို့ ဝမ်းနည်းနေတဲ့ အညိုရောင်လေးရဲ့မျက်နှာကြောင်​့ ဟင်းချက်နည်းပေါင်းစုံကို ကျိုးစားပြီး သင်ယူခဲ့တယ် ။

စတော်ဘယ်ရီဆိုအရမ်းကြိုက်တဲ့ အညိုရောင်လေးကြောင်​့ ယခုအချိန်ထဲက ပိုက်ဆံကြိုးစားစုပြီး တစ်နေ့ ခြံတစ်ခြံရအောင်ဝယ်မည်ဟုလဲကျွေးကျော်ခဲ့ပြီး ပိုက်ဆံတွေရေတွက်ကာ ပျော်ခဲ့တယ်။

Last GoodBye // TK//Where stories live. Discover now