Part 16

782 68 4
                                    

( တစ်ချို့သော တိတ်ဆိတ်ခြင်းတွေက လူတစ်ယောက်ရဲ့ နှလုံးသားကိုခွဲပစ်ဖို့ အကြီးမားဆုံး လက်နက်ဖြစ်ခဲ့တယ်)

ဒီရက်ပိုင်းတစ်လျှောက်လုံး သူစဥ်းစားနေခဲ့တဲ့အရာရှိသည်။ ကျောင်းကလဲ နောက်ဆုံးသောစာမေးပွဲဖြစ်တဲ့ အထက်တန်းနောက်ဆုံးနှစ်ရဲ့ စာမေးပွဲကြီးကလဲ လာနေပြီဖြစ်တာကြောင့် ထိုစဥ်းစားနေတဲ့အရာကိုလဲ သိပ်ပြီး အာရုံမစိုက်ပေးနိုင် သို့ပင်မဲ့လဲ ထိုအရာလေးက ခေါင်းထဲမှာ အမြဲစွဲကပ်နေခဲ့တာကြာခဲ့ပြီပင်။
အကောင်ဖော်သင့်နေပြီလေ ဒီအရာ​လေးက ။

" ဆရာမရဲ့ ကလေးတွေတောင် ဒီနှစ်ပြီးသွားရင် တက္ကသိုလ်ကျောင်းသားကြီး ကျောင်းသူကြီးတွေ ဖြစ်ကြတော့မှာဘဲ... ကိုယ်လိုချင်တဲ့ University ကိုရပါစေလို့ ဆရာမက ဆုတောင်းပေးနေတယ်နော်... စာကိုလဲ သေချာကြိုးစားကြ "

" ဟုတ်ကဲ့ပါဆရာမ "

တစ်ခန်းလုံးကလဲ တစ်ညီတစ်ညာနဲ့ ဆရာမစကားကို ရေးလက်စစာတွေကိုပါရပ်ပြီး ဖြေတဲ့အခါ ဆရာမကတော့ မျက်ရည်တွေဝဲလျက် သူမရဲ့ကျောင်းသားတွေကိုကြည့်နေသည်။
ထိုအချိန် သူတို့ရဲ့ အတန်းခေါင်းဆောင်မှ ထရပ်လိုက်ပြီး။

" စာမေးပွဲဖြေပြီးတာနဲ့ လုပ်နေကြ ကျောင်းရဲ့ပွဲတော်နေ့ကြရင် ပျော်ကြရအုံးမှာဆိုတော့ အားလုံးဘဲ အားတင်းထားကြ "

" သောက်ကလေး အတန်းခေါင်းဆောင်ဖြစ်ပြီး နင်စာမေးပွဲကိုကျော်ပြီး ပွဲတော်နေ့ကို မျှော်နေရလား ဟဲ့ "

" ဆရာမကလဲ..."

ဝမ်းနည်းပြီးငိုတော့မဲ့ ဆရာမကို အတန်းခေါင်းဆောင်ဝင်ဖောက်လိုက်မှဘဲ ဆရာမလဲ ပြန်လည်ပျော်မြူးကာ ရီမောလျက် တစ်ခန်းလုံးလဲ အပြုံးတွေကိုယ်စီနဲ့ပင်။

ထယ်ယောင်းမျက်စိရှေ့ကကျောပြင်ကြီးကိုကြည့်နေရင်း မနေနိုင်စွာ ဂျောင်ဂုပုခုံးပေါ်လက်တင်လိုက်တော့ သူ့ရဲ့လက်ကို ပြန်ကိုင်ပြီး လှည့်ကြည့်တဲ့ ဂျောင်ဂု။

" ဘာလဲ အညိုရောင်လေး "

" ဘားမှမဟုတ်ဘူး... ညနေစာစုပြီးလုပ်ကြမှာမလား ယူရီ တို့ခေါ်ထားတာ "

Last GoodBye // TK//Onde histórias criam vida. Descubra agora