Part 11

862 66 5
                                    

( မနက်ဖြန်ဆိုတဲ့ စကားလုံးက အမြဲ အဓိပါယ်အပြည့်နဲ့ပင်)

ဂျောင်ဂု ထယ်ယောင်းကို ခြံထဲမှာ ထားခဲ့ပြီး ပြေးထွက်လာပြီးမှ ကိုယ်ပေါ်ရွာသွန်းချလာတဲ့ မိုးစက်တွေကြောင့် အသိပြန်ဝင်လာရသည်။

" shittt "

ကားပေါ်မှာထားခဲ့တဲ့ ထီးကို အသည်းအသန်ပြေးယူပြီး ထယ်ယောင်းကျန်နေခဲ့တဲ့ ခြံကို အသည်းအသန်ပြန်ပြေးလာတဲ့အချိန် သူထားခဲ့တဲ့အတိုင်း မိုးရည်ထဲမှာ မလှုပ်မရှက်နဲ့ အတောင့်လိုက်ကြီးထိုင်နေတဲ့ ထယ်ယောင်းကိုမြင်ရတဲ့အချိန် ရင်ဘက်က ဆစ်ခနဲကိုက်သွားမိသည် ။

ငါတောင်းပန်ပါတယ် တကယ်တော့ ဒါက ငါ့အမှားပါ ။

အဲ့စကားကိုပြောဖို့ တစ်လမ်းလုံးခေါင်းထဲမှာရှိနေပြီး လက်တွေ့မှာတော့ နှုတ်ခမ်းတွေက ကျောက်ဆွဲထားသလိုလေးလံနေပြီး ထူးဆန်းတဲ့အသံတောင်ထွက်မလာခဲ့။
တိုက်ခန်းအောက်ရောက်တာနဲ့ ကားပေါ်က ပြေးဆင်းသွားပြန်တဲ့ ထယ်ယောင်းကြောင်​့ စကားထပ်ပြီးမပြောလိုက်ရပြန်။

စိတ်ညစ်တယ်...မဟုတ်ဘူး စိတ်ရှုပ်မိတာ ဘယ်လိုလုပ်ရမလဲ...။

စိတ်ရှိတိုင်း ကားပတ်မောင်းနေရင်းမှ လမ်းမီးတိုင်တစ်ခုအောက်မှာ ကားရပ်လိုက်ပြီး ကားလက်ကိုင်ပေါ်ခေါင်းတင်ပြီး သက်ပျင်းချနေရတော့သည်။
ကားစီယာတိုင်ကို ခေါင်းနဲ့အကြိမ်ကြိမ်တိုက်ပြီးတဲ့​နောက် ဖုန်းကိုယူလိုက်ပြီး ထယ်ယောင်းကို ဖုန်းခေါ်ရန်လုပ်လိုက်သည်။

အညိုရောင်လေး ဆိုတဲ့ နာမည်လေးနဲ့ နံပါတ်တစ်ခုကိုဘဲ အကြာကြီးကြည့်နေပြီးနောက် ဖုန်းခေါ်လိုက်တော့တယ်။

" လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ပြန်လည်ဖြေကြားချင်းမရှိပါသဖြင့် ... "

ဖုန်းမကိုင်တဲ့ထယ်ယောင်းကြောင့် စိတ်လျော့လိုက်ပြီး ဖုန်းကို ဘေးခုံဘက်ကိုလွှတ်ပစ်လိုက်သည်။
တစ်နာရီလောက် ကားစီယာတိုင်ပေါ်ခေါင်းတင်လျက်ဘဲ သက်ပျင်းချသံတွေ အထပ်ထပ်နဲ့ ပြည့်နှပ်ပြီး မွန်းကျပ်လာတဲ့အထိထိုင်နေသည်။

Last GoodBye // TK//Where stories live. Discover now