Part 19

895 73 8
                                    

Utada Hikaru - First Love (OST for this part)

( ခဏတာဆိုရင်တောင် ငါတို့ တစ်ကိုယ်ကောင်းဆန်ကြည့်ရအောင်)

တစ်ညတာလုံး ကျွန်တော်သူ့ရဲ့ရင်ခွင်ထဲကိုမှီခိုရင်း ကျွန်တော်တို့ကြားမှာရှိခဲ့တဲ့ လွဲချော်မှုတွေ အမှားတွေကို နားထောင်ခဲ့သလို ကျွန်တော်ကလဲ ပြန်လည်ပြောပြခဲ့တယ် ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေကို။
သူက ကျွန်တော်ကို တောင်းပန်ခဲ့တယ် သူသတ္တိမရှိခဲ့တဲ့အတွက်ခွင့်လွှတ်ပါတဲ့ ကျွန်တော်လဲ ထို်နည်းအတူ ပြန်လည်တောင်းပန်ခဲ့တယ်။
တစ်ညတာလုံးဟာ တိတ်ဆိတ်တဲ့ အခန်းထဲမှာ သူ့ရင်ခွင်ထဲဝင်ရင်း ၅နှစ်စာမပြောဖြစ်ခဲ့တဲ့ ဝန်ခံမှုတွေကိုပြောရင်း ကုန်ဆုံးခဲ့တယ်။

နေရောင်ခြည်နွေးနွေးက မျက်နှာပေါ်ကျလာတဲ့အခါ ဆက်အိပ်၍မရတော့တာကြောင့် မျက်လုံးအစုံဖွင့်ကြည့်လိုက်တဲ့အခါ သူမြတ်နိုးရတဲ့ လူသားလေး။
မျက်လုံးရှေ့ကို အုပ်ကျနေတဲ့ ဆံနွယ်အချို့ကို သပ်တင်ပေးလိုက်ပြီး နှဖူးပြင်လေးပေါ်လဲ အနမ်းခြွေလိုက်သည်။
အညိုရောင်လေးရဲ့ ခါးကို ပို၍တိုးဖက်လိုက်ပြီး ရင်ခွင်ထဲထည့်ထားရင်း သူလဲ အတွေးများနေမိသည်။

ရှေ့ဆက်ရမဲ့နေ့ရက်တွေမှာ သူဘယ်လိုဖြေရှင်းရမလဲဆိုတဲ့မေးခွန်းက သူ့အတွက် ခေါင်းကိုက်ရစေတယ်။

ဆူယွန်း... ဆူယွန်း က သူထယ်ယောင်းကိုပြောပြခဲ့ဖူးသလိုဘဲ သူ University တက်တဲ့အချိန်မှာ တွေ့ခဲ့တဲ့ စိနီယာတစ်ယောက် ။
ပြီးတော့ ထယ်ယောင်း ထွက်မသွားခင် နောက်ဆုံးပြောသွားခဲ့တဲ့ အချက်တွေဖြစ်တဲ့ '' သူနဲ့ဆန့်ကျင်ဖက်ဖြစ်နေတဲ့ သူ " ဆိုတဲ့ စကားတွေနဲ့ တိုက်ဆိုင်နေတဲ့ လူတစ်ယောက်။
သူမ က တကယ့်ကို စိတ်ထားသဘောထားပြည့်ဝတဲ့လူတစ်ယောက်ဖြစ်တဲ့အပြင် သူတို့ စတွဲတဲ့အချိန်ထဲက ဂျောင်ဂုကိုလဲ နားလည်မှုအပြည့်ပေးထားတဲ့ လူတစ်ယောက်ပင်။
မိဘတွေက လက်ထပ်ပေးဖို့ အတင်းပြောနေခဲ့တာတောင် သူမကဘဲ ဦးဆောင်ပြီးရွှေ့ဆိုင်းထားပေးခဲ့တာ ။
လက်ရှိအခြေအနေမှာတော့ သူမအကြောင်းကို သူမစဥ်းစားချင်သလို ကျန်တဲ့ ကိစ္စတွေကိုလဲ မေ့ထားဖို့သာ ဆုံးဖြတ်လိုက်သည်။

Last GoodBye // TK//Where stories live. Discover now