Part 15

899 73 7
                                    

Songs - Powfu - Silver Linlings
- Michael Carreon ရဲ့ The Simple Things

( နှင်းဘောလုံးလေးထဲက မသိစိတ်ရဲ့ မျှော်လင့်ချက်လေးတွေ)

ကျွန်တော်အိမ်မက်မက်ခဲ့တယ် သူက ကျွန်တော်ကို ကျောခိုင်းပြီးဒီတစ်ခါတော့ထွက်သွားခဲ့တယ်တဲ့ ကျွန်တော်လက်တွေကိုဖမ်းဆွဲထားဖို့ဆန့်တန်းထားလိုက်ပေမဲ့ ဆုတ်ကိုင်ခွင့်လေးတောင် မရခဲ့ဘူးတဲ့။

လန့်ကာနိုးလာပြီး ချက်ချင်းဘေးပတ်လည်ကိုကြည့်တော့ တည်ငြိမ်စွာ အိပ်စက်နေသေးတဲ့ ဂျောင်ဂု။
အိမ်ရှေ့က ဆိုဖာမှာမဟုတ်တော့ဘဲ အခန်းထဲပြန်ရောက်နေတာကြောင့် ဂျောင်ဂုချီပြီး အခန်းထဲမှာအိပ်ခိုင်းတာထင်သည်။
အိပ်နေတဲ့ဂျောင်ဂုကိုကြည့်ရင်း ဆံပင်စလေးအချို့ကို သပ်တင်ပေးလိုက်ပြီး နှုတ်မှ အသံမထွက်ဘဲ စကားလုံးလေးနှစ်လုံးကိုဆိုလိုက်သည်။
ထို့နောက် အိပ်ယာပေါ်မှထလိုက်ပြီး မျက်နှာသစ်ကာ မနက်စာပြင်ရန် မီးဖိုခန်းဆီသို့။

ပေါ့ပေါ့ပါးပါးပေါင်မုန့်ကိုမီးကင်လိုက်ပြီး ဂျောင်ဂုကိုယ်တိုင်ယူလာပေးတဲ့ သူ့ခြံကထွက်တဲ့ စတော်ဘယ်ရီယိုပုလင်းနဲ့ လိမ္မော်ယိုပုလင်းကို ခုံပေါ်တင်ကာ သူ့ဖို့ strawberry milkနဲ့ ဂျောင်ဂုဖို့ banana milkခွက်ထဲထည့်နေတုန်း။

" morning အညိုရောင်လေး..."

လှည့်ကြည့်လိုက်တော့ မျက်နှာသစ်ပြီးခါစရေစက်တွေအချို့နဲ့ ရှုပ်ပွနေတဲ့ဆံပင်နဲ့ စားပွဲပေါ်ဝင်ထိုင်နေတဲ့ဂျောင်ဂုကြောင့် လက်ထဲက banana milkကို အရှေ့ကိုချပေးလိုက်ပြီး။

" ဆံပင်လေးဘာလေးလဲ ဖီးပါအုံး ဟ "

ဟုဆိုရင်း ဆံပင်ကို သပ်တင်ပေးနေတော့ ပေါင်မုန့်ကိုကိုက်နေရင်းမှ မျက်လုံးကလှန်ကြည့်လာပြီး။

" ဟီးဟ​ီး "

ယုန်သွားနှစ်ချောင်းနဲ့ နှခေါင်းရှုံ့ကာရီပြနေတဲ့ ဂျောင်ဂုကိုကြည့်ပြီး သူပါရီလိုက်ကာ နှစ်ယောက်သား တိတ်စိတ်စွာနဲ့ဘဲ မနက်စာကို လက်ဆုံစားလိုက်သည်။
တိတ်ဆိတ်တယ်သာပြောတာပါ တစ်ယောက်ထဲစားခဲ့တဲ့ မနက်စာတွေနဲ့ နှိုင်းယှဥ်မရတဲ့ မည်သူမှမကြားနိုင်တဲ့ ရင်ခုန်သံအချို့နဲ့မို့ ထင်သလောက်တော့ တိတ်ဆိတ်မနေခဲ့ပါ။

Last GoodBye // TK//Where stories live. Discover now