Part 23

1K 80 12
                                    

( နှလုံးသားမှာ ပဲ့ထင်နေတဲ့အဒဏ်ရာတွေက အရာတိုင်းမဟုတ်တာကြောင့် )

၂လတောင်ကြာခဲ့ပြီ ကိစ္စတော်တော်များများဟာလဲ သူ့အစီစဥ်တွေအတိုင်း ပုံမှန်လေးဆက်သွားနေကြပြီပင်။
ဂျောင်ဂုနဲ့ မမဆူယွန်းကလဲ ယူဖို့ လကိုဆုံးဖြတ်လိုက်ကြပြီး ထိုသို့ လက်ထပ်ဖို့ကို ဂျောင်ဂုက ဆုံးဖြတ်လိုက်ကြောင်း ပြောတဲ့နေ့မှာ ဂျောင်ဂုရဲ့မျက်လုံးရှေ့မှာတင် သူထိုင်နေခဲ့တာ ဂျောင်ဂုရဲ့ မိဘတွေကလဲ အရမ်းပျော်နေခဲ့ကြတယ်လေ နောက်ဆုံးတော့ သူတို့သားကို လူကောင်းတစ်ယောက်နဲ့ အတူရှိသွားစေနိုင်တော့မယ်ဆိုတဲ့ စိတ်ကလေးနဲ့။

ကျွန်တော်တို့ အနေထိုင်အနည်းငယ် ဆင်ခြင်ကြသည် သို့ပေမဲ့ ဂျောင်ဂုနဲ့ သူပေးထားတဲ့ ကတိလေးအတိုင်း သူတို့ကြားထဲက private relationship လေးကလဲ ဆက်ရှိနေစမြဲပင်။

" မောင်... ဒီဝတ်စုံ မ နဲ့ လိုက်ရဲ့လား "

" အွန်း...မဆိုးပါဘူး နောက်တစ်စုံလောက်ထပ်စမ်းကြည့်သင့်တယ် "

" ဟုတ်လား... ထယ်ယောင်းလေးရော ဘယ်လိုထင်လဲ "

ဟုတ်ပါတယ် ဂျောင်ဂုနဲ့ မမ ဆူယွန်းတို့ မဂ်လာဆောင်အတွက် ဒီနေ့က ဝတ်စုံလာကြည့်ကြတာပါ တကယ်ဆို သူလိုက်ပါစရာအကြောင်းမရှိပေမဲ့ သူဂျောင်ဂုရုံးကို နေ့လည်စာလာစားရန်လာခေါ်တဲ့အချိန် မမ မထင်မှတ်ဘဲ ကရောက်ချလာပြီး သူ့ကိုပါခေါ်လာတာကြောင့် သူပါ ဝတ်စုံရွေးတာကို လိုက်ကြည့်နေရတာပင်။

လက်ထပ်ပွဲက သိပ်မလိုတော့ဘူးပင် ၂ပတ်ဘဲခြားတော့မှာဆိုတော့ ယအခုအချိန်မှ ဝတ်စုံမကြည့်ရင် ဘယ်အချိန်ကများ ကြည့်သင့်တာမို့လဲနော်...။

" ကျွန်တော်လဲ ထပ်ကြည့်ကြည့်သင့်သေးတယ်ထင်တယ် "

" အဲ့လိုလား... ကောင်းပြီလေ ညီမလေး နောက်တစ်စုံ "

မမ ဆူယွန်းက သူ့ဘေးက ဝန်ထမ်းကောင်မလေး ကိုပြောပြီးနောက် လိုက်ကာနောက်ကွယ်ကို ပြန်ဝင်သွားတာကြောင့် ထိုအခန်းထဲ ဂျောင်ဂုနဲ့ သူနှစ်ယောက်ထဲ ကျန်ခဲ့ပြန်သည်။
သတိုးသမီးဝတ်စုံကြည့်တဲ့အချိန်က သတို့သားတွေအတွက်တော့ အရမ်းပျင်းစရာကောင်းတယ်ဆိုတာ တကယ်ကိုပင်... ကိုယ်တိုင်က သတို့သားမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင်လဲ အနည်းငယ်ပျင်းလာမိတာကြောင့်... ။

Last GoodBye // TK//Where stories live. Discover now