Part 2

1.3K 89 8
                                    

( အတိတ်က နေ့ရက်များ)

တစ်ခါတစ်လေ ချီးကျူးတယ်ထင်ရပေမဲ့ တူညီတဲ့စကားကို ထပ်ခါထပ်ခါကြားလာရတဲ့အခါ ငြီးငွေ့ပြီး မုန်းတီးလာတက်တယ်။
အဲ့လိုပါဘဲ လူတွေက သူ့ကို မိန်းကလေးထပ်တောင်ချစ်ဖို့ကောင်းတယ် ၊ မျက်နှာလေးက မိန်းကလေးကြနေတာဘဲ ၊ ချစ်စရာကောင်းတာများ မိန်းကလေးတွေတောင်မမှီဘူး လို့ အမြဲလိုလိုပြောဆိုတက်ကြတယ်။
ငယ်ရွယ်စဥ်တုန်းက ပြဿနာရယ်လို့တောင်မတွေးမိပေမဲ့ တဖြေးဖြေး သိတက်လာတဲ့အခါကြတော့ ဒီစကားတွေကို မုန်းလာတယ် အဲ့လို မုန်းလာတာနဲ့အမျှ သီးသန့်နေတက်လာပြီး maksအုပ်ထားတက်တဲ့ အကျင့်က သူ့ထံ ပေါ်ထွက်လာခဲ့တယ်။

School Bus စီးရတဲ့ တစ်လျှောက်လုံး သီချင်းနားထောင်ပြီး ကျောင်းရောက်တာနဲ့ ကိုယ့်အတန်းထဲ ကိုယ်ဝင်ပြီး ခေါင်းမှောက် အိပ်နေတက်လာတဲ့ သူ။
လူတွေကိုစကားမပြောဖြစ်တော့တာနဲ့ လူတွေနဲ့လဲ တော်တော်ဝေးကွာလာသလိုခံစားရသည်။
ဒါပေမဲ့ သူကအပေါင်းသင်းမက်တက်သေးတာမို့ အတန်းထဲက လူတစ်ချို့နဲ့တော့ စကားပြောနေဆဲပင်။
ခေါင်းမှောက်အိပ်နေရာမှ အတန်းခေါင်းဆောင်က သူ့ကို လက်လာတို့တာမို့ မော့ကြည့်လိုက်တော့။

" ငါနဲ့ ကျောင်းရုံးခန်းကိုလိုက်ခဲ့ပေးပါလား စာအုပ်တွေသွားပေးရမှာမို့ "

" အွန်းအွန်း "

အတန်းခေါင်းဆောင်နဲ့အတူ သူတို့အတန်းထဲမှ ကောက်ထားတဲ့ စာအုပ်တွေကိုယူလိုက်ပြီး နှစ်ယောက်သား ကျောင်းအုပ်ရုံးခန်းသို့ထွက်ခဲ့ကြသည်။
ဆံပင်က သူ့မျက်စိကို လာလာထောက်နေတာမို့ ရှေ့ကို သိပ်မ​မြင်ရ အဲ့ဒါကြောင့် ဖယ်ဖို့ လုပ်နေတုန်း လှေကားပေါ်ကိုပြေးတက်လာတဲ့ လူတစ်ယောက်က သူ့ကို တည့်တည့်ကြီးပင် ဝင်တိုက်တော့သည်။

" အားးးးတောင်းပန်ပါတယ် ငါပြေးတက်လာတာမို့မမြင်လိုက်လို့ အဆင်ပြေရဲ့လား "

တစ်စစီလွင့်ထွက်သွားတဲ့ စာအုပ်တွေကို ကောက်ပေးနေတော့ အတန်းခေါင်းဆောင်မှလဲ ထိုကျောင်းသားအား။

" ကျောင်းဆောင်တွေအတွင်း မပြေးရဘူးလေ စည်းကမ်းထိန်းသိမ်းရေးဆရာနဲ့တွေ့ရင် မင်းအပြစ်ပေးခံရလိမ့်မယ် "

Last GoodBye // TK//Where stories live. Discover now