Part 10

905 64 0
                                    

( ဖြတ်သန်းခဲ့ကြတဲ့နေရက်တွေကို လွမ်းမိတယ်)

" ကဲ... အခန်းထဲက ကေ​ျာင်းသူကျောင်းသား အပေါင်းတို့ အာရုံစိုက်မယ် "

သူ့ဘေးခုံက လူမလာလို့ သူ့ဘေးကိုလာထိုင်နေတဲ့ ဂျောင်ဂုခြေထောက်ပေါ်ကို ခြေထောက်နှစ်ဖက်တင်ထားပြီး ကျောက ပြတင်းပေါက်နံရံကိုမှီရင်း ဖုန်းသုံးနေတုန်း အတန်းခေါင်းဆောင်ရဲ့ အသံကြားလိုက်တာမို့ မော့ကြည့်လိုက်တော့ မတ်တပ်ရပ်ပြီး တစ်ခုခုပြောရန် လုပ်နေပုံ ။
စိတ်မဝင်စားတာမို့ ဖုန်းပြန်သုံးနေပြီ ဂျောင်ဂုလဲ ထိုအတူပင် မော့တောင်ကြည့်မနေ။

" ရားးးး!!! အတန်းထဲက ဟာတွေ ငါ့လဲ အဖတ်လုပ်ကြပါ ဟ! "

သင်ပုန်းကြီးအား ဘုန်းခနဲ ထုလိုက်တာကြောင့် လက်ထဲက ဖုန်းလဲ လွတ်ကျသွားသလို လန့်ပြီး လှုပ်လိုက်တာကြောင့် ခုံနဲ့ခြေထောက်နဲ့လဲ တိုက်မိလျက်။
သူ့လိုအပင် တစ်ခန်းလုံးလဲ အတန်းခေါင်းဆောင် ရဲ့ အသံကြောင့် ပြာပြာရာရာပင်။

" ဘာဖြစ်တာလဲ အတန်းခေါင်းဆောင် "

ခုံနဲ့တိုက်မိသွားတဲ့ ထယ်ယောင်းရဲ့ ခြေထောက်ကို ဂျောင်ဂုက ဘုမသိဘမသိနဲ့ပွတ်ပေးလျက်။
ထယ်ယောင်းလဲ ဂျောင်ဂုပေါ်တင်ထားတဲ့ ခြေထောက်ကို အောက်ချပြီး အတန်းခေါင်းဆောင်ကိုလှမ်းမေးတော့ ဖုန်းသုံးနေရာမှ သူ့ကို လှည့်ကြည့်တဲ့ ဂျောင်ဂု။

" အားလုံး ဒီအပတ်ပိတ်ရက်ကြရင် တစ်ခန်းလုံးစုပြီး ပျော်ပွဲစားထွက်မယ်တဲ့ အဝေးကြီးတွေတော့မဟုတ်​ဘူး အပန်းဖြေစခန်းတစ်ခုမှာဘဲ နေ့ချင်းပြန်သွားမှာတဲ့ ဆရာမပြောခိုင်းလို့ "

စကားဆုံးတာနဲ့ တစ်ခန်းလုံးပွက်လောရိုက်ကာ အော်ဟစ်ပျော်ရွှင်နေကြလျက်။

" စွတ်အော်မနေကြနဲ့ လိုက်မဲ့သူတွေ နာမည်စာရင်းလာပေး "

ထယ်ယောင်းလဲ ပျော်ပွဲစားမို့ မျက်လုံးလေးတွေ တလတ်လတ်နဲ့ စိတ်ဝင်စားလျက် ဒါပေမဲ့ လူတွေ များတာကို စဥ်းစားမိပြီး ပြန်တွေဝေနေတုန်း။

" အညိုရောင်လေး သွားမှာလား "

" ဂျောင်ဂုကကော... "

Last GoodBye // TK//Where stories live. Discover now