Part 5

982 75 21
                                    

( ရင်ဆိုင်ရမဲ့ မနက်ဖြန်တွေ)

မနေ့ညက သောက်တာလဲများသွားပြီး မျက်ရည်လဲနည်းနည်းကျသွားရလို့ထင်ပါရဲ့ ခေါင်းတွေက အုံခဲကိုက်နေတာကြောင့် မျက်မှောင်ကျုံ့ကာ မကြည်မလင်နဲ့ပင်။

နာရီကြည့်တော့ ၉နာရီဖြစ်နေပြီမို့ အခန်းထဲက ပြတင်းပေါက်တွေကိုဖွင့်လိုက်တော့ ကိုယ်ကိုတိုက်ခက်လာတဲ့ လေပြေအေးအေးတွေ။

အထပ်မြင့်အဆောက်အုံဖြစ်နေတာကြောင့် အပေါ်စီးနေ မြင်နေရတဲ့ ကားလမ်းမတွေ အဆောက်ဦးတွေနဲ့ နေ့စဥ်ဘဝကိုဖြတ်သန်းနေကြတဲ့ လူတွေ...။

ခေါင်းထဲမှာ ဗလာကြီးဖြစ်နေပြီး ဘယ်အရာကိုမှ တိကျစွာ တွေးတောနေခြင်းမျိုးလဲမရှိဘဲ ကလေးတစ်ယောက်က တောင်ငေးမြောက်ငေး ငေးနေဟန်ပေါက်နေတဲ့ သူ့ရဲ့ပုံ။

တိုးဝှေ့နေတဲ့ မိုးရာသီရဲ့ လေညှင်းအေးအေးတွေကြောင့် ပိုပြီး ချမ်းမလာခင် ပြတင်းပေါက်ကိုပြန်ပိတ်လိုက်ပြီး ရေမိုးချိုးကာ တစ်နေ့တာကိုစရန် ပြင်ဆင်လိုက်သည်။

ရေချိုးပြီးကာ အိမ်ရှေ့ပြန်ထွက်လာတော့ မနေ့ညက မသိမ်းထားတဲ့ အမှိုက်အချို့နဲ့ မဆေးရသေးတဲ့ ပန်ကန်တွေကိုဆေးပြီး ရေခဲသေတ္တာထဲမှ ပန်းသီးတစ်လုံးကိုယူလိုက်ပြီး Laptop ဆွဲကာ လုပ်ဖို့လိုနေတဲ့ အလုပ်တွေကိုလုပ်နေတုန်း။

TinTong... TinTong...

သူ့အိမ်ရဲ့လူခေါ် ခေါင်းလောင်းကမြည်လာတာမို့ ထကြည့်လိုက်တော့ Delivery သမားတစ်ယောက်ကိုတွေ့တာမို့ တံခါးဖွင့်ပေးလိုက်တော့။

" အကို ကင်မ်ထယ်ယောင်းလားဗျ ပစ္စည်းလာပို့ပေးတာပါ "

" အော်...ဟုတ်ကဲ့ ဘယ်သူပေးတာလဲမသိဘူး "

" ကျွန်တော်လဲမသိဘူးဗျ ကျွန်တော်က ပစ္စည်းပို့ပေးရုံဘဲဆိုတော့ ပစ္စည်းက လေးတော့ အထဲမှာချပေးခဲ့မယ်နော် "

" ကောင်းပါပြီ "

ထိုပစ္စည်းပို့ သမားပြန်သွားမှ ဧည်ခန်းထဲက ထိုဘူးကိုဖောက်ကြည့်တော့ စက္ကူဘူးနဲ့အပြည့် strawberry milk ဘူးတွေ ပြီးတော့ တံဆိပ်ကလဲ အသစ်ပင် သူမမြင်ဖူးသေးတဲ့တစ်ခုဖြစ်တာ​ကြောင့် တစ်ဘူးထုတ်ကာ သေချာကြည့်လိုက်တော့လဲ ပလက်စတစ်ဘူးမဟုတ်ဘဲ ပုလင်းတွေဖြစ်နေတာမို့ ဒီကုန်ပစ္စည်းကိုထုတ်တဲ့သူကိုလေးစားသွားသည်။

Last GoodBye // TK//Opowieści tętniące życiem. Odkryj je teraz