Part 24 ( end )

1.8K 78 42
                                    

( ခံစားချက်တွေကို အတိတ်ဖြစ်ချန်ခဲ့ရပြီး မမြင်ရမဲ့ အနာဂတ်ကို ခြေတစ်စုံနဲ့ဘဲ လျှောက်လှမ်းသွားတော့မယ် )

ရှင်သန်ခဲ့ရသမျှကာလပတ်လုံးမှာ သူ့ကြောင့်သာ ကျွန်တော့်နေ့ရက်တွေက အမြဲနှစ်လိုဖွယ်ကောင်းခဲ့တယ်။ တစ်ချို့ခံစားချက်တွေမှာ စကားလုံးတွေမရှိခဲ့သလို ဖော်ပြဖို့လဲမဖြစ်နိုင်ဘူး ဒါ့ကြောင့်ဘဲ ခံစားကြည့်တဲ့အခါမှ သိနိုင်မှာမျိုးတွေ ဒီလောကကြီးမှာ ရှိတယ်။

အဖေနဲ့ထိုနေ့ညက စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ် အတွေ့ကြုံတွေကို အတူတူမျှဝေကြည့်တဲ့အခါ ကျွန်တော်ခံစားနေရတဲ့အရာတွေအတွက် ကျွန်တော်ဖြေရှင်းခဲ့တဲ့နည်းလမ်းက အမှန်ဆုံးလမ်းတစ်ခု ဆိုတာကို ရှာတွေ့ခဲ့တယ်။
တစ်ခဏတာကို မကြည့်ဘဲ ကျွန်တော်က ရေရှည်ကို ကြည့်မိခဲ့တဲ့လူဖြစ်တာကြောင့် နှစ်ဦးလုံးတော့နာကျင်ခဲ့ရပါတယ် သို့ပေမဲ့ ဒါက အချိန်ယူပြီး ဖြေရှင်းလိုက်တဲ့အခါ သာမန်ဆိုတဲ့ ခေါင်းစဥ်လေးအဖြစ်ပြောင်းလဲသွားနိုင်မှာပါ။

အသက်ရှူလိုက်တိုင်းမှာ လိုက်ပါလာတဲ့ မြူန့ံသင်းသင်းလေးနဲ့ လေအေးအေးတွေက ထိုလူကို ပိုပြ​ီးသတိရစေတယ်။
၄၈နာရီအတွင်းမှာ ပိုင်ဆိုင်တော့မဲ့လူရှိနေပြီဖြစ်တဲ့ လူတစ်ယောက်ကို ကျွန်တော် အရင်အချိန်တွေကလောက် အနီးကပ်မနေထိုင်တော့ပါ။
မတွေ့ဖြစ်တာက ၉ရက်၊ ဖုန်းမပြောဖြစ်ကြတော့တာ​က ၅ရက်၊ စာမပို့ဖြစ်ကြတော့တာ ၇ရက်။
သေချာပေါက်ထွေထွေထူးထူး မှတ်ထားတာမျိုးမဟုတ်ပေမဲ့ ကိုယ်တိုင်က အမြဲမှတ်မိနေတာမို့ တားဆီးပစ်၍လဲမရနိုင်။

ကျွန်တော်သာအတ္တဆန်လိုက်ရင် တစ်သက်လုံးစာအတွက် ကျွန်တော်ကော သူပါ နာမည်ပျက်မျက်နှာမပြနိုင်ဖြစ်သွားမှာလေ...။
မေတ္တာဓာတ်တွေလွှမ်းခြုံထားတဲ့ အသိုက်ဖွဲ့လေးကို ကျွန်တော် တစ်ကိုယ်ကောင်းဆန်စွာ မဖျက်စီးရက်ခဲ့ဘူး။
ကိုယ်တိုင်က အသိုင်းအဝိုင်းမိသားစုဆိုတာလေးကို ကောင်းမွန်စွာမနေခဲ့ဖူးခဲ့တာကြောင့်လဲ သူများရဲ့မိသားစုလေးကို ပိုပြီးတန်ဖိုးထားမိခဲ့တယ်ထင်တယ်...။

Last GoodBye // TK//Where stories live. Discover now