Part 3

1K 83 14
                                    

( ပစ္စုပ္ပန် က ငါတို့)

လေယာဥ်ကို ၁၂နာရီလောက် စီးလာရတာမို့ ခရီးပင်ပန်းတာရော စိတ်ပင်ပန်းတာတွေရောကြောင့်ထင်ပါတယ် သူနိုးလာလို့ နာရီကိုကြည့်လိုက်တော့ ၁နာရီတောင်ထိုးနေပြီပင်။

အိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်ပြီး ကြည့်လိုက်တော့ သူညကအတိုင်း ကုတင်ဇောက်ထိုးကြီး အိပ်ပျော်သွားတာကို မြင်လိုက်ရတော့သည်။

ဘေးဘီရာလှည့်ကြည့်လိုက်တော့ နားကျပ်တပ်ကာ အလုပ်စားပွဲမှာ အလုပ်လုပ်နေတဲ့ ဂျောင်ဂု။
ဒီမြင်ကွင်းက လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သူတစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းပင်။
ဂျောင်ဂုရဲ့ ဖြတ်သန်းခဲ့တဲ့ ငါးနှစ်က ဘယ်လိုရှိခဲ့လဲဆိုတာ သူမသိနိုင်ခဲ့ဘူး ဒါပေမဲ့ ကြည့်ရတာတော့ သူ့ထက်အဆင်ပြေပြေရှိခဲ့တဲ့ပုံမို့ တစ်မျိုးတစ်ဖုံတော့ ပျော်မိသည်။
အဓိက က ဂျွန်ဂျောင်ဂု ဆိုတဲ့ လူသားအဆင်ပြေပြေနဲ့ နေထိုင်နေတာကို သူမြင်နိုင်ဖို့ဘဲမလား။

တွေတွေလေး ဂျောင်ဂုကို ငေးကြည့်နေတာကို ဂျောင်ဂုက ခံစားမိသွားတယ် ထင်ပါရဲ့ သူ့ကိုလှည့်ကြည့်လာပြီး ခဏလေးဆိုကာ လက်ထောင်ပြပြီး အလုပ်တွေကို လက်စသက်လျက်ရှိသည်။

ဒီလို ရင့်ကျတ်တဲ့ ဂျောင်ဂုရဲ့ တည်ငြိမ်မှုတွေကို အမြဲမြင်ရပြီး ပိုင်ဆိုင်တော့မဲ့သူရှိသွားပြီဆိုတာက သူ့ကို တကယ် စိတ်မကောင်းဖြစ်ရသည်။
အဲ့ အမက တကယ်ကံကောင်းပါတယ် ဂျောင်ဂုက ဘယ်လောက်နွေးထွေးတက်ပြီး ဂရုစိုက်ပေးတက်တဲ့သူဆိုတာ သူအသိဆုံးမလား။
မနက်ခင်းတိုင်းမှာ ပထမဆုံး ချစ်ရတဲ့လူရဲ့မျက်နှာကိုမြင်တွေ့ခွင့်ရတာ ကောင်းမွန်တဲ့အရာဆိုတာ ရှိလောက်မယ်တောင်မထင်။

အလုပ်တွေ ပြီးသွားပုံရတဲ့ ဂျောင်ဂုက စားပွဲကနေထလာကာ ကုတင်ဘေးလာထိုင်ပြီး သူ့အား။

" အိတ်ပုတ်...ဘယ်လိုတောင်အိပ်လို့ ခြေရင်းနဲ့ ခေါင်းရင်းတောင်မှားပြီး အိပ်နေရတာလဲ "

သူ့ရဲ့ ပွနေတဲ့ ဆံပင်တွေကို လက်နဲ့ထိုးဖွက ရှင်းပေးနေပြီး။
မနက်ခင်းနေရောင်ချည်ကြောင့် မျက်နှာကလဲ ပိုလို့တောင် ခန့်ညားနေသလိုပင်။
ဒီလူသားသာ သူ့အပိုင်ဆို သိပ်ကောင်းမှာဘဲ။

Last GoodBye // TK//Where stories live. Discover now