Chapter 1.1 (U/Z)

867 82 3
                                    

Unicode

အခန်း ၁.၁ - မင်းရဲ့တံခါးခေါင်းလောင်းသံက အသက်ဝင်လာတယ်။

လွန်ခဲ့သည့်တစ်လက မီလီသည် ကွင်းဆက်ပေါက်ကွဲမှုတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သည်။ဓာတုပစ္စည်းများ တင်ဆောင်လာသော ထရပ်ကားတစ်စီးသည် ရုတ်တရက်ပေါက်ကွဲခဲ့ပြီး ယာဉ်များစွာကို ထိခိုက်ပျက်စီးစေခဲ့ပြီး လူသုံးဦး သေဆုံးကာ လူအများအပြား ဒဏ်ရာရရှိခဲ့သည်။

မီလီသည် မတော်တဆဖြစ်တဲ့နေရာနှင့်အနည်းငယ်ဝေးကွာနေသောကြောင့် ကံကောင်းသည်ဟု ယူဆနိုင်သည်။ပေါက်ကွဲမှုကြောင့် သူမကားသည် ဘေးဖက်ရောက်သွားပြီး အခြားကားကို တိုက်မိခဲ့တယ်။အပေါ်ယံ ထိမှန်ခြင်းမှလွဲပြီး ဒဏ်ရာအ‌နည်းငယ်သာ ရရှိခဲ့သည်။ဆေးရုံမှာ နှစ်ရက်လောက်နေခဲ့ရပြီးနောက် ဆေးရုံက ဆင်းခွင့်ရခဲ့သည်။

အရာအားလုံးပြီးသွားပြီလို့ထင်ပြီး မတော်တဆမှုဖြစ်ခဲ့သည်ကို မိဘတွေကို အသိမပေးပဲ‌နေခဲ့သည်။ဒါပေမယ့်ရက်အနည်းငယ်ကြာတော့ တစ်ခုခုမှားနေပြီဆိုတာ သူမရုတ်တရက် သိလိုက်ရတယ်။

ပထမဆုံးအနေနဲ့ သူမသည် အိပ်စက်ခြင်းကို စွဲလမ်းခဲ့တယ်။နှစ်နာရီသို့မဟုတ်သုံးနာရီတိုင်း သူမ အိပ်ပျော်သွားသည်။ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဆူညံနေပါစေ သူမသည်မနိုးဘဲအိပ်စက်နိုင်သည်။ကံကောင်းထောက်မစွာဖြင့် သူမသည်အိမ် ငှားရမ်းခများကို တခါတလေမှသာ လိုက်‌တောင်းရတာမို့ နေ့စဉ် အိမ်မှုကိစ္စများကို ကိုင်တွယ်ရန် သာလိုအပ်သည်။သူမတွင်အားလပ်ချိန်များစွာရှိခြင်းကြောင့် အိပ်စက်ခြင်းက အလုပ်ထိခိုက်မှာကို စိုးရိမ်နေစရာမလို‌ပေ။

မီလီက ဆေးရုံမှာ စစ်ဆေးခဲ့ပေမယ့် ဆရာဝန်က အားလုံးအဆင်ပြေတယ်လို့ ပြောတယ်။ပြီးတော့သူမကိုလေ့ကျင့်ခန်း များများလုပ်ရန် လိုအပ်ပြီး အလွန်အကျွံ မစားမအိပ်ရန် ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

မီလီသည် ဝမ်းနည်းလာသည်။  သူမရဲ့ အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမဟာ အအိပ်အစားအလွန်အကျွံ မနှစ်မြို့ကြောင်း သိနိုင်သည်။ယာဉ်မတော်တဆမဖြစ်မီက သူမသည် နေ့စဉ်လေ့ကျင့်ခန်းလုပ်ခဲ့သော်လည်း ယခုအခါတွင်မူ မတ်တပ်ရပ်နေရင်းနှင့်ပင် အိပ်ပျော်သွားတတ်သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now