Chapter 8.1(U/Z)

385 84 14
                                    

Unicode

အခန်း ၈ - အထူးဆုကြီး

မီလီသည်အိမ်သာခန်းထဲတွင်စောင့်ဆိုင်းရင်း အပြင်ဘက်မှလှုပ်ရှားမှုများကို ဂရုတစိုက်စိုက်ကြည့်နေသည်။ရံဖန်ရံခါတွင်ရေပက်သံများနှင့်ဟိုဘက်ဒီဘက်အပြန်ပြန်အလှန်လှန်လျှောက်သွား‌နေသည့်ခြေသံများကို သူမ ကြားနေရသည်။

သုံးမိနစ်အကြာတွင်မီလီက သူမသည် ယောက်ျားလေးအိမ်သာထဲတွင်ရှိနေကြောင်းအတည်ပြုနိုင်ခဲ့သည်။ဆီးသွားသည့်အခါအမျိုးသားများသည်အိမ်သာခန်းထဲသို့မ၀င်ရသောကြောင့် သူမကို အသုံးပြုရန်မှာအခွင့်အလမ်းနည်းပါးသည်။သို့သော်ဝမ်းနည်းစရာကောင်းသည်မှာတစ်စုံတစ်ယောက်ဝင်လာသည်နှင့်သေချာပေါက်အဲ့လူဟာယောက်ျားလေးဖြစ်လိမ့်မည်။အခုသူမရင်ဆိုင်နေရသည်မှာသူမပုံဖော်မပြနိုင်တဲ့ယောက်ျားလေးခန္တာကိုယ်အောက်ပိုင်းများပင်ဖြစ်သည်။

မီလီသည်အခုလက်ရှိအခြေအနေကိုကြာကြာခံနိုင်ရည်မရှိမည်မှာသေချာတာမို့သူမ၏စွမ်းအားအားလုံးကို အသုံးပြုကာ အခြားအရာဆီသို့ကူးပြောင်းရန် ကြိုးစားခဲ့သည်။

လေးငါးမိနစ်လောက်ရုန်းကန်ပြီးတဲ့အခါမှာတော့သူမရဲ့ အသိစိတ်ကအနည်းငယ် ပြောင်းလဲသွားခဲ့သည်။သူမအလွန်ပျော်ရွှင်နေပြီး ဆက်လက်ကြိုးစားခဲ့သည်။ နောက်ဆုံးတော့ သူမခြေကုန်လက်ပမ်းမကျခင်မှာဘဲ အောင်မြင်စွာပြောင်းရွှေ့နိုင်ခဲ့တယ်။

[ရေးးးး!] မီလီ ဝမ်းသာအားရငိုချမိလိုက်သည်။သို့သော်လည်း ရက်စက်ကြမ်းကြုတ်သောအဖြစ်မှန်တစ်ခုက နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ သူမကို မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။သူမ၏ ကြိုးစားအားထုတ်မှုအားလုံးသည် အိမ်သာခွက်တစ်ခုမှအိမ်သာသုံးစက္ကူကနေအခြားအိမ်သာခွက်တစ်ခုရဲ့အိမ်သာသုံးစက္ကူအဖြစ်သို့ပြောင်းသွားသည်ကို သူမဝမ်းနည်းစွာတွေ့ရှိခဲ့ရသည်။

[ငါ့ကိုလာနောက်နေတာလား?!] မီလီငိုကြွေးလိုက်သည်။

ပိုရယ်စရာကောင်းတာကအဲ့ဒီအချိန်မှာ ယောက်ျားတစ်ယောက်ဟာသူမ ရှိတဲ့အိမ်သာခွက်နေရာကိုဝင်လာပြီး သူ့ခါးပတ်ကိုဆွဲဖြုတ်လိုက်ကာထိုင်ဖို့ပြင်ဆင်နေတာပါပဲ။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Dove le storie prendono vita. Scoprilo ora