Chapter 6.3(U/Z)

387 87 2
                                    

Unicode

အခန်း ၆.၃ - Tuhao Chicken

သူမသည်ရေခဲသေတ္တာထဲမှ ပါဝင်ပစ္စည်းအချို့ကိုထုတ်လိုက်ပြီး ကျောက်စိမ်းတုံးဖြူပုံစံယုန်ရုပ်မုန့်လေး ၁၂ခုကိုတစ်နာရီကြာအောင်ဖန်တီးပြုလုပ်ခဲ့သည်။အဲ့တာကသူမဟင်းချက်အစီအစဥ်တစ်ခုကနေသင်ယူခဲ့ရတဲ့ဂျုံမှုန့်ကိုအဓိကပါဝင်ပစ္စည်းအဖြစ်အသုံးပြုကာပြုလုပ်ရသည့်အချိုပွဲဖြစ်သည်။ အဲ့တာကချစ်စရာကောင်းသလို လုပ်ရတာလက်ဝင်ပြီးသူ့ရဲ့အရသာကချိုမြိန်ပြီးစားလို့ကောင်းသည်။

ထိခိုက်ပျက်စီးခြင်းမှကာကွယ်ရန်အတွက်ယုန်ရုပ်မုန့်လေးများကိုလုံခြုံစွာသေချာထုပ်ပိုးပြီးနောက်သူမသည် Shunfeng ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုကိုဆက်သွယ်ကာပို့‌ဆောင်ရမည့်လိပ်စာကိုရေးပေးပြီးထိုလိပ်စာအတိုင်းပို့ဆောင်ပေးရန်ပြောကြားခဲ့သည်။

အမြန်ချောပို့သမားက တစ်ခုခုမှားနေသလိုခံစားလိုက်ရပြီး "Yunlangမြို့ကဘယ်မှာရှိတာလဲ။ရေးထားတာမမှားဘူးဆိုတာ‌ရောသေချာလား။"

“ဒီတိုင်းပဲယူသွားလိုက်။မှားခဲ့ရင် လာပြန်ပို့ပေးလိုက်။"

သူထပ်မေးမှာကိုတောင်မစောင့်တော့ဘဲသူ့ရဲ့ပါးစပ်ထဲစုပ်လုံးကိုထိုးထည့်ကာတံခါးကနေ အလျင်စလိုတွန်းထုတ်လိုက်သည်။

အမြန်ချောပို့သမားသည် သူ့စိတ်ထဲတွင်ရေရွတ်ကာအထုပ်ကိုကောက်ယူလိုက်ပြီးလျှပ်စစ်ကားကိုခါးသီးသောအပြုံးဖြင့် မောင်းထွက်သွားသည်။

နောက်တစ်နေ့တွင်မီလီသည်ရှီးပိုင်ချန်းအနားသို့ရွှေရောင်ဘဏ်ကတ်တစ်ခုအနေဖြစ်ပြန်ပေါ် လာသည်။

မီလီမတုံ့ပြန်ရသေးခင်မှာပဲဘဏ်ကတ်ထဲကနေ ယွမ် ၁.၂၅ သန်းပေးချေခဲ့ပါတယ်။သူမပိုက်ဆံမဟုတ်ပေမယ့်လည်းအသဲကွဲနေသလိုခံစားရတယ်။

ရှီးပိုင်ချန်းသည်ဘဏ်ကတ်ကို ပြန်သိမ်းတော့မည်အချိန်မှာပဲ ရုတ်တရက်တုန်လှုပ်သွားသည့် အသံကိုကြားလိုက်ရသည်။

[လူအိုကြီးပိုင်၊ယွမ် 1.25 သန်းကြီးများတောင်သုံးပြီးတော့ဘာကိုဝယ်ခဲ့တာလဲ။]

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Wo Geschichten leben. Entdecke jetzt