Chapter 3.1 (U/Z)

388 83 1
                                    

အခန်း ၃.၁ - မတူညီတဲ့ကမ္ဘာလေးတစ်ခု။

Unicode

မီလီသည် နာမည်ကြီးစာရေးဆရာအချို့ကို အင်တာနက်တွင် ရှာဖွေခဲ့သော်လည်း သူမ၏ အဓိကပစ်မှတ်ကိုရှာမတွေ့ခဲ့ပေ။

လူအိုကြီးပိုင်သည် ယခုနှစ်တွင် ၂၉ နှစ်ရှိပြီဖြစ်သည်။သူ့ရဲ့ အသွင်အပြင် အတိအကျကို သူမ မမှတ်မိပေမယ့် သူမရဲ့ မှတ်မိမှုအရတော့ သူကတော့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ ချောမောပြီး ယောက်ျားပီသတာကလည်းခေါင်းကနေခြေဖျားအထိပေါ်လွင်နေသေးတယ်။အင်တာနက်မှာသူတို့ရဲ့ဓာတ်ပုံတွေကိုတင်ထားတဲ့ အမျိုးသား စာရေးဆရာအများစုရဲ့ရုပ်ရည်ကသာမန်တွေပဲဖြစ်သည်။  ရုပ်ရည်ပိုကြည့်ကောင်းသူများ၏ အသက်၊အရပ်နှင့် အခြားသက်ဆိုင်သော အချက်အလက်များကလည်း သူနဲ့မကိုက်ညီပါ။

ရှီပိုင်ချန်းကိုအင်တာနက်မှတဆင့်ရှာရန်မဖြစ်နိုင်သော်လည်း မီလီသည်အလျင်လိုစရာအကြောင်းမရှိချေ။ သူနဲ့ နောက်တစ်ကြိမ်တွေ့ရင် သူဘယ်မှာနေလဲဆိုတာကို တိုက်ရိုက်မေးလို့ရနေတာပဲ‌တာပဲလေ။

သူမ၏ ဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့် အတွေ့အကြုံ အနည်းငယ်ကြာပြီးနောက် မီလီသည် ထိုပြောင်းလဲမှုနှင့်တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာသည်။အိပ်ငိုက်ခြင်းကြောင့် ဖြစ်လာမည့်အမှားအယွင်းများကို ရှောင်ရှားနိုင်ရန် သူမသည် အိပ်ချိန်ဇယားကို ပြုလုပ်ခဲ့သည်။မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ညနေတစ်ကြိမ် အိပ်ချိန် ၂ နာရီ တိုးပေးခြင်းဖြင့် တစ်နေ့လျှင် အိပ်ချိန် ၁၄ နာရီခန့်အိပ်ဖို့ သူမလိုအပ်သည်။အကယ်၍သူမသည် အိပ်ချိန်မလုံလောက်ပါက၊စိတ်မတည်ငြိမ်မှုနှင့်အလုပ်စွမ်းဆောင်ရည် ကျဆင်းခြင်းတို့ကို ခံစားရမည်ဖြစ်ပြီး အဲ့တာတွေကသူမ၏နေ့စဉ်ဘ၀ကို ဆိုးရွားစွာထိခိုက်စေမည်ဖြစ်သည်။

ငိုက်မျဉ်းခြင်းကို အတင်းအကျပ် တွန်းလှန်မယ့်အစား အချိန်ကိုတတ်နိုင်သမျှ ကျိုးကြောင်းဆီလျော်စွာ စီမံခန့်ခွဲတာက ပိုကောင်းပါတယ်။

နေ့လည်စာစားပြီးနောက် မီလီသည်အိမ်တွင် လေ့ကျင့်ခန်းလုပ်ကာ အိပ်ယာပေါ်တွင်သက်တောင့်သက်သာလှဲနေလိုက်သည်။နှိုးစက်နာရီကို ချိန်ညှိပြီးနောက် အိပ်ပျော်သွားခဲ့သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now