Chapter 3.4 (U/Z)

407 85 0
                                    

Unicode

အခန်း ၃.၄ - မတူညီတဲ့ကမ္ဘာလေးတစ်ခု။

ရှီပိုင်ချန်းသည်ယုန်ရုပ်ဆီသို့လှည့်ကြည့်ပြီး ယုန်နားရွက်ကို ဖျတ်ခနဲ ဆွဲညှစ်လိုက်သည်။

[အားးးး။လွှတ်ဦး။ကျွန်မကိုမထိနဲ့ ] ဟု မီလီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းတစ်ခုခု ခံစားရလို့လား" ဟုဆိုကာ ရှီပိုင်ချန်းသည် သူမ၏ ယုန်နားရွက်ကို ဆုပ်ကိုင်လိုက်ပြီးရှေ့သို့ညွှန်ပြလိုက်သည်။

[ဒါပေါ့။]

အဲဒါကသိပ်မသိသာပေမယ့် နူးညံ့တဲ့ခံစားမှုတစ်ခုခုရှိနေတုန်းပဲ။ပျော့ပျောင်းပြီး စေးကပ်နေသလိုလို၊အေးစက်ပြီး ထုံကျဉ်လာသလိုလို၊ဘာနဲ့တူလဲဆိုတော့ လေပူတစ်ချက် မှုတ်ထုတ်လိုက်တာမျိုး ဒါမှမဟုတ် အမွေးအတောင်လေးတွေနဲ့ ပွတ်တိုက်လိုက်သလိုမျိုးခံစားချက်မျိုး သူမခံစားရသည်။

ရှီပိုင်ချန်းသည် ယုန်ရုပ်လေးကို ကိုင်ကာ မီလီများထွက်လာမလားအထင်နဲ့ လှုပ်ယမ်းလိုက်သည်။

[ရှင် ဘာလုပ်နေတာလဲ။] ဟုပြောပြီး ယုန်က ရုတ်တရက်သူမလက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်မောင်းကိုပွေ့ဖက်လိုက်သည်။

"ဟမ်။"

ရှီပိုင်ချန်းက စိတ်ဝင်တစားနဲ့ "ဒါဆို မင်းလှုပ်ရှားလို့ရတာပေါ့။"ဟုမေးလိုက်သည်။

သူ့အဲ့စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မီလီ၏နူးညံ့သော လက်ဖဝါးများက သူ့လက်ထဲမှ ချော်ထွက်ကာ လေထဲတွင်တန်းလန်းကြီးချိတ်မိ‌နေသည်။

မီလီသည် သူဝင်ပူးထားသော အရာဝတ္တုများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သော်လည်း သူမသည် အချိန်အကြာကြီး မနေနိုင်သည့်အပြင်ထိုအရာတို့၏တည်ရှိ‌နေပြီးသားလက္ခဏာများကို မချိုးဖောက်နိုင်ပေ။ဥပမာအားဖြင့်၊ညမီးအိမ်ငယ်လေးတုန်းကဆို သူမသည် အဖွင့်/အပိတ်ခလုတ်ကို ထိန်းချုပ်နိုင်သော်လည်း မလှုပ်ရှားနိုင်ပေ။

ထိုအချိန်မှာပဲ လက်ပ်တော့ကနေ သတိပေးချက်တစ်ခု အသံမြည်လာပြီး ရှီပိုင်ချန်း ၏အယ်ဒီတာဆီကနေ စာတစ်စောင်ဝင်လာခဲ့သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now