Chapter 5.1 (U/Z)

360 80 4
                                    

Unicode

အခန်း ၅.၁ - Angelo Phantom

ရှီးပိုင်ချန်သည် စားပွဲပေါ်တွင်ကြက်သွန်ကွင်းထည့်ထားတဲ့ဘူးတစ်ဘူးသာချန်ထားပြီးကျန်တာတွေကိုရှင်းထုတ်လိုက်သည်။ပြီးနောက် မီလီဝင်ပူးထားတဲ့ကြက်သွန်ကွင်းကိုသိသာစေရန်ခရမ်းချဉ်သီးအချဉ်လောင်းချလိုက်ကာအမှတ်အသားလုပ်လိုက်ပြီးဘူးထဲသို့တခြားကြက်သွန်ကွင်းအဖော်များနဲ့တူတူရှိစေရန်ပြန်ထည့်လိုက်သည်။

[ကြက်သွန်ကွင်းစားရတာ ကြိုက်တယ်လို့မပြောဘူးလား။ အများကြီးကျန်သေးတယ် ဘာလို့မစားတာလဲ။]

ကြက်သွန်ကွင်းများစွာဝန်းရံခံထားသောမီလီကအံ့ဩစွာဖြင့်မေးလိုက်သည်။

ရှီးပိုင်ချန်က သူမကိုတစ်ချက်ကြည့်လိုက်ပြီး

"ငါကဘာပဲစားစား စားသမျှကို အမြဲကုန်အောင်စားတယ်။"

သူ မစားတဲ့အစားအသောက်ကလွဲရင်အမြဲကုန်အောင်စားတယ်။

စားကြွင်းစားကျန် →မီလီ - […]

“မင်းအေးသွားတဲ့အခါကျ ငါပြန်စားမယ်” ဟုသူကဆက်ပြောသေးသည်။

"အေးသွားတဲ့အခါ" က ဘာကိုပြောချင်တာလဲ။နင်ပဲကိုယ့်ဟာကိုအရင်အအေးခံလိုက်။

မီလီသည်သူမ၏ခန္ဓာကိုယ်ကို ကြက်သွန်နီကွင်းများပေါ်သို့လှဲချကာထိန်းလိုက်သည်။ပြီးနောက်စားပွဲပေါ်သို့လှဲချကာ စားပွဲပေါ်မှတဆင့်ကော်ဇောဆီသို့လှိမ့်သွားသည်။သူမသည် ကော်ဇောအမျှင်များတွင်ပိတ်မိပြီးဆက်မလှိမ့်နိုင်တော့ပေ။

ရှီးပိုင်ချန်းသည် အပေါ်ကိုကြည့်ကာ စက္ကူပုဝါတစ်ထည်ကို လိပ်ပြီးဆုတ်လိုက်သည်။သူမကို ကော်ဇောပေါ်ကနေဆွဲယူလိုက်ပြီးကော်ဖီခွက်ထဲကဇွန်းပေါ်မှာ ချိတ်ဆွဲလိုက်သည်။

မီလီသည် ဇွန်းကိုလှည့်ကာပြုတ်ကျအောင်လုပ်သော်လည်းအသံမြည်သွားရုံမှအပမလှုပ်နိုင်ဘဲလက်လျှော့လိုက်ရသည်။

ကြက်သွန်နီကွင်းအနေဖြင့် ငါကကိုယ့်အခြေအနေကိုကိုယ်သိရမှာပေါ့။မာနကြီးတာဟာ မကောင်းပါဘူး။မီလီကသူမကိုယ်သူနှစ်သိမ့်လိုက်တယ်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now